BEC-TERO TV

တော့တင်ဟမ် အသင်းအတွက် လွှဲချော်ဖွယ်ရှိသော ကစားသမားများ

03 Oct 2018     1,302 Views


ချန်ပီယံလိဂ် အုပ်စု (B)ပွဲစဉ်  တွေအဖြစ် ပွဲကြီးပွဲကောင်း ဖြစ်တဲ့  တော့တင်ဟမ် အသင်းနှင့် ဘာစီလိုနာအသင်းတို့ တွေ့ဆုံဖို့ရှိနေပါတယ်။ တော့တင်ဟမ် အသင်းကတော့ အုပ်စု ပထမပွဲစဉ်တွင့် အင်တာမီလန်အသင်းကို ရှုံးနိမ့်ထားပြီး အုပ်စု အမှတ်ပေးဇယား အဆင့်  ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဘာစီလိုနာအသင်းနှင့် ပွဲစဉ်မှာ အဲရစ်ဆင် နှင့် အလီ တို့လွှဲချော် ဖို့ရှိနေပါတယ်။ ဗာတွန်ဂွန် နဲ့ မူဆာ ဒန်ဘီလီ လည်း တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင်လာဖို့ မသချာပါဘူး။ ဂိုးသမား လိုရစ်ကတော့ ပြန်ပါလာဖို့ရှိနေပြီး အင်တာ အသင်းနှင့် ပွဲစဉ်မှာ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ အဲရစ်ဆင့် မပါဝင်နိုင်တာကတော့ တော့တင်ဟမ် အသင်းအတွက် အားနည်းချက် တစ်ခု ဖြစ်နေပါတယ် ။

နည်းပြ ပိုချက်တီနိုက “ ဘာစီလိုနာအသင်းက အနိုင်ရဖို့သာ ရေပန်းစားနေခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး တုန့်ပြန့်သွားပြီး အနိုင်ရလဒ် ကိုရယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ” ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ် နောက်ခံလူ ဒန်နီရိုစ် က “ ကျွန်တော်တို့ အင်တာနဲ့ ပွဲစဉ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ  အဆုံးမသတ်နိုင်ခဲ့တာကြောင့် နောက်ဆုံး ၅ မိနစ်အတွင်းမှာ ၂ ဂိုးပေးခဲရပြီး ရမှတ်ဆုံးရှုံးခဲ့ရပါတယ်၊ဒီည မှာတော့ ကျွန်တော်တို့ ဘာစီလိုနာအသင်းကိုအနိုင်ကစား သွားမှာဖြစ်ပါတယ် “ လို့ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ် အသင်းအတွက်အားထာရတဲ့ တိုက်စစ်မှူး ဟာရီကိန်း ဒဏ်ရာပြသာနာရှိနေပေမဲလည်း ယနေ့ ည ဘာစီလိုနာအသင်းနှင့် ပါဝင်နိုင်ဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်၊

ပြိုင်ဘက် ဘာစီလိုနာအသင်းက မက်စီ၏ ဟစ်ထရစ် ဂိုးနှင့် PSV အသင်းကို ဂိုးပြတ်အနိုင်ရရှိထားပြီး အုပ်စုဇယား ၁ နေရာမှာ  ရပ်တည်နေပါတယ်။

 

 


03 Oct 2018     1,302 Views




RELATED

Most Popular of Football

Most Popular of NEWS