BEC-TERO TV

YBS စီးရင်ဘာတွေသိထားသင့်လဲ (ပညာပေးဗွီဒီယိုရုပ်သံ)

03 Oct 2018     1,315 Views


မင်္ဂလာပါ popolay ပရိတ်သတ်ကြီးရေ ဘတ်စ်ကားဆိုတာ ကျွန်တော်တို့ ကိုယ်ပိုင်ကားမစီးနိုင်သေးတဲ့ သာမန်ပြည်သူများအတွက်တော့ ကိုယ်လိုရာခရီးကိုရောက်ဖို့အတွက် နေ့စဉ်နဲ့အမျှအသုံးပြုနေရတဲ့ အရာမဟုတ်ပါလား။

ခရီးသွားပြည်သူတို့ ဘတ်စ်ကားပေါ်မှာမပြုလုပ်သင့်တဲ့ အမူအကျင့်များကို popolay မှဝေမျှပေးလိုက်ပါတယ်နော်။

၁။ သတ်မှတ်ထားတဲ့ ပုံးထဲသို့ပိုက်ဆံမထည့်ပဲ ဘတ်စ်ကားခိုးမစီးသင့်ပါ

၂။ဘတ်စ်ပေါ်တွင် စည်းမဲ့ကမ်းမဲ့အမှိုက်မပြစ်သင့်ပါ။

၃။ဘတ်စ်ကားစီးလျှင် အများပြည်သူအနှောင့်အယှက်မဖြစ်အောင် ဆေးလိပ်မသောက်ရပါ။

၎။ဘတ်စ်ကားစီးလျှင် ကွမ်းယာမစားရပါ။

၅။ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်စော်ကားခြင်းဖြစ်စေ နှုတ်ဖြင့်စော်ကားခြင်းဖြစ်စေ မကျူးလွန်ရပါ။

၆။အများပြည်သူ အနှောင့်အယှက်ဖြစ်အောင် ဖုန်းပြောလျှင်အကျယ်ကြီးမပြောသင့်ပါ

၇။ မိမိလက်ကိုင်ဖုန်းဖြင့် သီချင်းများ၊ ဗွီဒီယိုများကိုအကျယ်ကြီး မဖွင့်ရပါ။

ပြုလုပ်သင့်သည့် အမူအကျင့်ကောင်းများမှာà

၁။သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်ကိုချီထားသောမိခင်၊ မသန်မစွမ်းများ၊ဗုဒ္ဓဘာသာတို့ယုံကြည်ကိုးကွယ်သော ဘုန်းကြီးနှင့် မယ်သီလရှင်တို့ အားဦးစားပေးရမည်ဖြစ်သည်။

၂။ အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များကို ကူညီဖေးမရမည်။

 

 


03 Oct 2018     1,315 Views




RELATED

Most Popular of Special or Others

Most Popular of NEWS