BEC-TERO TV

သမီးအလိမ္မာလေးတစ်ယောက်ဖြစ်ကြောင်း ပြသလိုက်တဲ့ မော်ဒယ်စူးရှထက်

03 Oct 2018     1,717 Views


မော်ဒယ်စူးရှထက်ဟာဆိုရင် ရည်းစားဟောင်းဖြစ်သူရဲ့ အဓ္ဓပြုကျင့်ခြင်းခံရတဲ့သတင်းတွေထွက်ပေါ်ပြီးနောက် အများသူငါပရိသတ်တွေရဲ့ သနားဂရုဏာသက်ခြင်းကိုခံရကာ လူသိများထင်ရှားလာသူတစ်ယောက်ဖြစ်ပါတယ်။ ညှို့အားပြင်းတဲ့ sexy ဆန်ဆန်ပုံရိပ်တွေနဲ့ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ရှိုက်ကြီးဖိုငင် ကောက်ကြောင်းအသွယ်သွယ်တို့ကြောင့်လဲ ပုရိဿတွေရဲ့ အားပေးဝန်းရံခြင်းကို ခံထားရတဲ့ စူးရှထက်ကတော့ အနုပညာအလုပ်တွေလုပ်ရင်း မိဘကိုရှာကျွေးနေတဲ့ သမီးအလိမ္မာလေးဖြစ်ပါတယ်။

ယနေ့မှာတော့ စူးရှထက်က သီတင်းကျွတ်ခါနီးပြီးမို့ မိဘနှစ်ပါးကို ကန်တော့ရင်း သမီးကောင်းရတနာလေးတစ်ယောက်ဖြစ်ကြောင်းကို သက်သေပြလိုက်ပါတယ်။ အဲ့တာကတော့ မိဘနှစ်ပါးကို ကိတ်မုန့်ဘူးလေးနဲ့ကန်တော့ရင်း Surprise အနေနဲ့ ကိတ်မုန့်ဘူးထဲမှာ ပိုက်ဆံ သိန်း(၂၀) ထည့်ကာ မထင်မှတ်ထားတဲ့ အံ့သြ၀မ်းသာမှုတွေကိုပါပေးခဲ့တာဖြစ်ပါတယ်။ သူမရှာလို့ရတဲ့ တတ်နိုင်တဲ့ငွေအင်အားလေးနဲ့ မိဘကိုပျော်ရွှင်မှုတွေပေးကာ ရှာကျွေးနေတဲ့ သမီးတစ်ယောက်ဖြစ်ကြောင်းကို စူးရှထက်က သူမရဲ့လူမှုကွန်ယက်ကနေ Live video လွှင့်ကာ သက်သေပြခဲ့တာပဲဖြစ်ပါတယ်။ 


03 Oct 2018     1,717 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment