ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်မှာ ရုရှားရှိနေတယ်လို့ ဗြိတိန်ပြောဆို
04 Oct 2018 1,670 Views
ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာ၊ အားကစားနဲ့ဆိုင်တဲ့ အဖွဲ့တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ ရုရှား စစ်ထောက်လှမ်းရေးတွေ နောက်ကွယ်က ရှိနေတယ်လို့ ယုံကြည်ကြောင်း ဗြိတိန်အစိုးရက ထုတ်ဖော်ပြောဆိုပါတယ်။
အားကစားသမားတွေရဲ့ ဆေးပညာအချက်တွေနဲ့ ကမ္ဘာ့မူးယစ်ဆေးဝါး သုံးစွဲမှုဆန့်ကျင်ရေးအဖွဲ့ကို Fancy Bear အဖွဲ့က ဆိုက်ဘာတိုက်ခိုက်မှု လုပ်ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ဗြိတိန်က ပြောပါတယ်။ အဲဒီ Fancy Bear အဖွဲ့ဟာ ရုရှားစစ်ထောက်လှမ်းရေးနဲ့ ဆက်နွယ်မှု ရှိနေတယ်လို့ ယုံကြည်ကြောင်း ဗြိတိန်က ပြောပါတယ်။
ဒါ့အပြင် ယူကရိန်း လေယာဉ်ကွင်းနဲ့ အဝေးပြေးစနစ်တွေကို တိုက်ခိုက်ပြီး အချက်အလက်တွေကို အဲဒီအဖွဲ့က ရယူခဲ့တယ်လို့လည်း ဗြိတိန်က ပြောပါတယ်။
Ref ; bbc






