BEC-TERO TV

ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာ

03 Aug 2015     1,437 Views


ဝမ်းချုပ်တယ်ဆိုတာရက်သတ္တပတ်ကာလအတွင်း၃ကြိမ်ထက်မနည်းဝမ်းမသွားတဲ့သူတွေကို ဝမ်းချုပ်ခြင်းလို့ယေဘုယျပြောလို့ရပါတယ်။လက္ခဏာရပ်တွေကတော့ဝမ်းသွားရတာခက်တယ်၊တစ်ပတ်မှာနှစ်ကြိမ်သွားတာလဲရှိတယ်၊စမြင်းခံတယ်လို့လည်းပြောပါတယ်၊ဝမ်းသွားတဲ့အခါမှာအရမ်းညစ်ရတယ်၊ ဝမ်းသွားတဲ့အခါမဝသလိုခံစားရတယ်၊အရမ်းညစ်ပြီးသွားရတဲ့အခါမျိုးတွေမှာအခြားသောရောဂါတွေဝင်လာတက်ပါတယ်။
 
ဝမ်းချုပ်တက်တဲ့အလေ့အကျင့်ရှိရင်တော့ဆရာဝန်ညွန်ကြားတဲ့အတိုင်းလိုက်နာသင့်တယ်၊ဆရာဝန်နဲ့လည်းပြသသင့်ပါတယ်။ဝမ်းချုပ်ခြင်းကတော့လူတော်တော်များများဖြစ်တက်ပါတယ်။အူထဲမှာတစ်ချို့နေရာတွေမှာပိတ်နေတယ်ဆိုရင်လည်းဝမ်းချုပ်နို်င်ပါတယ်။အူမကြီးကင်ဆာဖြစ်တဲ့သူတွေဆိုရင်လည်းဖြစ်တက်ပါတယ်။
 
အသက်ကြီးတဲ့သူတွေမှာအဖြစ်များတယ်။အမျိုးသမီးတွေမျာအဖြစ်များတာတွေ့ရတယ်။ရေသောက်တာနည်းတဲ့သူတွေမှာလည်းဖြစ်တာတွေ့ရပါတယ်။နောက်ဆက်ဆွဲဆိုးကျိုးတွေကတော့ဝမ်းသွားတဲ့အခါအားနဲ့ညစ်လိုက်တဲ့အတွက်ကြောင့်စအိုဝနားမှာရှိတဲ့အရေပြားစုတ်ပြဲသွားတာတွေဖြစ်တက်တယ်၊လိပ်ခေါင်းရောဂါဖြစ်တက်တယ်၊ဝမ်းလုံးဝမသွားပဲနဲ့ခက်ခဲတာတွေလည်းဖြစ်တက်ပါတယ်။
 
ကုသမှုအနေနဲ့ကတော့ ပထမဆုံးသူ့ရဲ့အစားအသောက်နဲ့နေမှုထိုင်မှုပုံစံကိုပြောင်းရပါမယ်။အသီးအနှံများများစားရမယ်၊ရေများများသောက်ရမယ်၊တစ်ရက်ကိုနာရီဝတ်လောက်လေ့ကျင့်ခန်းလုပ်ရပါမယ်။နေမှုထိုင်မှုပုံစံကိုပြောင်းလဲမယ်ဆိုရင်တော့ဝမ်းချုပ်ခြင်းကိုကာကွယ်ရာရောက်ပါတယ်။

03 Aug 2015     1,437 Views




RELATED

Most Popular of Health Fix

Most Popular of Life Style