BEC-TERO TV

စစ်လေယာဉ် နှစ်စင်း ဆင်းသက်စဉ် ပြေးလမ်းတွင် တိုက်မိ

04 Oct 2018     1,724 Views


ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ရှိ လေဆိပ်တွင် စစ်ဖက်ဆိုင်ရာ လေယာဉ်ပျံနှစ်စင်း ရှေ့ဆင့်နောက်ဆင့် ဆင်းသက်ကြစဉ် ပြေးလမ်းပေါ်အရောက်တွင် နောက်လေယာဉ်က ရှေ့လေယာဉ်ကို အရှိန်ဖြင့် ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။
 
 
တိုက်မိခဲ့သော လေယာဉ်နှစ်စင်းမှာ ဆိုဗီယက်ခေတ်လက်ကျန် Antonov လေယာဉ်များဖြစ်ပြီး အဆိုပါ မတော်တဆမှု ဖြစ်စဉ်ကြောင့် လူ ၈ ဦးဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဆူဒန်တပ်မတော်အနေနဲ့ ဖြစ်စဉ်နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာပြောကြားမည်ဟု မျှော်လင့်ရသော်လည်း လက်ရှိအချိန်ထိ ဘာမှပြောကြားခြင်း မရှိသေးပေ။
 
 
လေယာဉ်ဝါသနာရှင် ဘလောက်ခ့်ကာတစ်ဦး၏ ခန်မြှန်းချက်အရ အဆိုပါလေယာဉ်နှစ်စီးမှာ Antonov  A-26 နဲ့ Antonov  A-23 တို့ဖြစ်ကြောင်း သိရှိရသည်။

04 Oct 2018     1,724 Views




RELATED

Most Popular of International News

Most Popular of NEWS