BEC-TERO TV

အသက် ၁၃ နှစ်သမီးကို ဂျပန်အဖိုးကြီးနဲ့ ပျော်ပါးရန် ရောင်းစားသူ ဖမ်းဆီးခံရ

05 Oct 2018     3,426 Views


အောက်တိုဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းအမျိုးသမီးတစ်ဦးကို အရွယ်မရောက်သေးသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်အား အသက် ၇၁ နှစ်အရွယ် ဂျပန်အမျိုးသားကြီးနဲ့ လိင်ပျော်ပါးဆက်ဆံရန် စီစဉ်ရောင်းစားခဲ့မှုကြောင့် ရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
 
ရဲတွေဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို လိင်အလိုငှာ ပျော်ပါးရန် သံသယရှိသည်ဟူသော သတင်းရရှိခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက် တနင်္လာနေ့က ဂျပန်အမျိုးသားကြီး "ဟီရိုယူကီ နာကာရှီမာ" ကို ပတ်ထရား ကမ်းခြေရှိ ကွန်ဒိုအခန်းကို ဝင်ရောက်စစ်ဆေးခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးထံမှ လိင်ရယူမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ 
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဆက်လက်၍ အသက် ၂၀ အရွယ် ကလေးမလေးအား ရောင်းစားခဲ့သူ "ပလွိုင်ဖန်မောင်ဒစ်" ဆိုသူအမျိုးသမီးကို ချွန်ဘူရီရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အောက်တိုဘာ ၃ ရက် ည ၁၂ နာရီ ၂၀ ခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 
 
 
ကွန်ဒိုအခန်းထဲတွင် လိင်ဖျော်ဖြေရေးပစ္စည်းများ၊ လိင်ဆက်ဆံစဉ် ပုံရိပ်များကို ရယူရန် အခန်းမျက်နှာကျက်တွင် ဝှက်၍တပ်ဆင်ထားသော ကင်မရာများကိုပါ ဖမ်းဆီးရမိခဲ့သည်။ အသက်မပြည့်သေးသော ကလေးငယ်ကို ရှာဖွေပေးခဲ့သူ "ပလွိုင်ဖန်" နဲ့ ဂျပန်အမျိုးသားကြီးမှာ ငြိစွန်းဖူးသူများဖြစ်ကြောင်း သိရှိရသည်။

05 Oct 2018     3,426 Views




RELATED

Most Popular of International News

Most Popular of NEWS