BEC-TERO TV

Alzheimer ရောဂါအကြောင်းသိကောင်းစရာ

03 Aug 2015     1,347 Views


Alzheimer ဆိုတာကဦးနှောက်ရဲ့ပုံမှန်အလုပ်တွေမလုပ်နိုင်တော့ပဲနဲ့မှတ်ဉာဏ်တွေချို့ယွင်းချင်းလို့ယေဘုယျပြောလို့ရပါတယ်။ဒီရောဂါဖြစ်လာပြီဆိုရင် ပညာရပ်ပိုင်းဆိုင်ရာကော လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုတွေ တဖြည်းဖြည်းနဲ့ယုတ်လျော့လာနိုင်ပါတယ်။
 
ရောဂါလက္ခဏာတွေကတော့ ပထမပို်င်းမှာသတိမေ့တက်တယ်၊စိတ်ရှုပ်တာတွေဖြစ်တက်တယ်၊တစ်ခါတစ်လေမှ လက်ရှိဖြစ်နေတာတွေကိုပါမေ့သွားတာတွေထိဖြစ်တက်ပါတယ်။တစ်ခါတစ်လေ မှာမေးခွန်းတွေကိုထပ်ခါထပ်ခါမေးတက်ပါတယ်။ တွေးခေါ်မှုအပို်င်းတွေပါအားနည်းလာတက်ပါတယ်။
 
စိတ်ကျရောဂါဖြစ်လာမယ်၊ပေါင်းသင်းဆက်ဆံရေးညံံ့လာမယ်၊စိတ်တွေ ဂရောင်ဂရမ်းဖြစ်မယ်၊စိတ်အလိုမကျတာတွေဖြစ်တက်ပါတယ်။အသက်ကြီးတဲ့သူတွေမှာအဖြစ်များပါတယ်။မိသားစုထဲမှာဖြစ်တဲ့သူရှိမယ်ဆိုရင်လည်း ကိုယ့်မှာဖြစ်ဖို့အခွင့်အလမ်းတွေရှိပါတယ်။ခေါင်းမျာဒဏ်ရာရဖူးတဲ့သူတွေများလည်းအဖြစ်များပါတယ်။
 
ဒီရောဂါဖြစ်တဲ့သူတွေကနှလုံးရောဂါ၊သွေးတိုးရောဂါတွေနဲ့ဆက်စပ်တဲ့အတွက်ကြောင့်နှလုံး၊သွေးတိုးရောဂါတွေက်ိုသေချကုသဖို့လိုပါတယ်။နောက်ဆက်တွဲဆိုးကျိုးတွေကတော့အသိဉာဏ်၊မှတ်ဉာဏ်တွေလုံးဝပျောက်ဆုံးသွားတက်ပါတယ်၊ရောဂါခံစားနေရမယ်ဆိုလည်းရောဂါခံစားရတာကိုမပြောပြတက်တော့ပါဘူး။
 
ဆရာဝန်ညွန်ကြားတာတွေကိုလိုက်နာခြင်းမရှိတာတွေလည်းဖြစ်တက်ပါတယ်။သောက်ဆေးတွေပေးပြီးကုသလို့ရပါတယ်။သူရဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲပေးရပါမယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ၊အစားအာဟာရတွေပုံမှန်စားခိုင်းပါ၊အဆီနည်းတဲ့အစားအစာ၊အသီးအရွက်တွေပုံမှန်စားပေးရပါမယ်။အိုမိကာ3 ပါတဲ့အစားအစာတွေကိုစားသုံးပေးရမယ်။ 

03 Aug 2015     1,347 Views




RELATED

Most Popular of Health Fix

Most Popular of Life Style