BEC-TERO TV

ဝမ်းနည်းစရာဗီဒီယိုလေးနဲ့ မင်းသွေးကိုနောက်ဆုံးအကြိမ် နှုတ်ဆက်လိုက်တဲ့ ဒါရိုက်တာကိုပေါက်

07 Oct 2018     2,469 Views


လူ့လောကကြီးထဲ မမျှော်လင့်ပဲ အချိန်မတိုင်သေးခင် ရုတ်တရက်ထွက်ခွာသွားတဲ့ သရုပ်ဆောင်မင်းသွေးအတွက် လူအများအားလုံး ကြေကွဲဝမ်းနည်းနေရသလို မိသားစုဝင်တွေလဲ ဖြေသိမ့်မရနိုင်အောင် ပူဆွေးလို့နေကြပါတယ်။ ခင်မင်သဘောကောင်းပြီး စိတ်ထားကောင်းလေးရှိသူတစ်ယောက်ဖြစ်တာကြောင့် အနုပညာရှင်ပေါင်းများစွာသာမက ပရိသတ်များကပါ စည်ကားသိုက်မြိုက်စွာနဲ့ သရုပ်ဆောင်မင်းသွေးရဲ့ နောက်ဆုံးခရီးစဉ်ကို လိုက်ပါပို့ဆောင်ရင်း နှုတ်ဆက်ခဲ့ကြပါတယ်။

သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်မှလဲ မင်းသွေးရဲ့ဈာပနကိုလိုက်ပါပို့ဆောင်ရင်း ၀မ်းနည်းကြေကွဲစရာ အမှတ်တရများနဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်ပေါ်မှာတင်ရင်း မင်းသွေးကို နောက်ဆုံးအကြိမ်အဖြစ်နှုတ်ဆက်လိုက်ပါတယ်။ ပရိသတ်တွေကတော့ ထိုဗီဒီယိုဖိုင်လေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ၀မ်းနဲကြေကွဲစရာကောင်းတဲ့ ဒါရိုက်တာကိုပေါက်တင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်....

 


07 Oct 2018     2,469 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS