BEC-TERO TV

၁၀ သိန်းဆုပေါက်နေသော ထီလက်မှတ်ကို ၄ လကျော်ကြာမှ တွေ့ရှိခဲ့သူ

08 Oct 2018     1,730 Views


အမေရိကန်နိုင်ငံ ကွန်နက်တီကတ် ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ပိုက်ဆံအိတ်ထဲတွင် ၄ လကျော်ကြာ ညပ်နေခဲ့သော ထီလက်မှတ်မှ ဒေါ်လာ ၁၀ သိန်း (၁ မီလီယံ) ထီပေါက်နေခဲ့ကြောင်း သူ့ရဲ့ ပိုက်ဆံအိတ်ကို ရှင်းလင်းရင်း မထင်မှတ်ပဲ တွေ့ရှိခဲ့သည်။
 
'ချားလက်ဒတ်လေ" ဆိုသူဟာ သူ့ရဲ့ ပိုက်ဆံအိတ်ကို ရှင်းလင်းခဲ့ရာမှ ထီလက်မှတ်တစ်စောင် တွေ့ရှိခဲ့ပြီး ထီပေါက်စဉ် ဝဘ်ဆိုက်တွင် တိုက်ကြည့်ခဲ့ရာ မယုံကြည်နိုင်လောက်အောင် ဒေါ်လာ ၁၀ သိန်းထီပေါက်နေကြောင်းတွေ့ရှိခဲ့သည်။ ထီလက်မှတ်ကို သူဘယ်မှာဝယ်ခဲ့လဲဆိုတာ မနည်းပင် ပြန်စဉ်းစားရလောက်အောင် မေ့လျော့နေခဲ့ခြင်းဖြစ်သည်။
 
"ကျွန်တော် ဝက်ဆိုက်မှာ အကြိမ်ကြိမ်ပြန်တိုက်ကြည့်တယ် အမှန်တစ်ကယ်ကို ထီပေါက်နေတာ တွေ့ရတော့ ယုံတောင် မယုံနိုင်ဘူး။ ထီလက်မှက်ကို ဘယ်မှာဝယ်ခဲ့တာလဲ မနည်းပြန်စဉ်းစားကြည့်တော့မှ လွန်ခဲ့တဲ့ ၄ လကျော်က စတိုးဆိုင်တစ်ဆိုင်မှာ ရေခဲ့မုန့်ဝယ်စားတုန်းက အမှတ်မထင်ဝယ်ပြီး ပိုက်ဆံအိတ်ထဲ ညှပ်ထားခဲ့တာ" ဟု သောကြာနေ့က ပြောဆိုခဲ့ပါတယ်။
 
သူဟာ ပေါက်မဲထီလက်မှတ်ကို ၄ လကျော်ကြာ သတိမထားမိခဲ့တာကြောင့် ထီလက်မှတ်ကို ပြန်တွေ့တဲ့အချိန်မှာ ဆုထုတ်ယူရန် နောက်ဆုံး ၂၃ ရက်သာ ကျန်တော့တာမို့ ကံကောင်းသွားတယ်လို့ ဆိုရမှာပါ၊ အကယ်၍ နောက်ထပ် တစ်လလောက်ကြာမှသာ ထီလက်မှတ်ကို တွေ့ခဲ့ရင်တော့ ရူးသွပ်သွားနိုင်ပါတယ်။
 
ပေါက်မဲထီလက်မှတ်ကို ရောင်းချခဲ့တဲ့ ဂျော့ခ်ျတောင်းရှဲလ် ဆိုင်က ဒေါ်လာ ၂၅၀၀ ဆုချီးမြှင့်ခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာလို လာထိုးတဲ့သူရဲ့ ဖုန်းနံပါတ်ကို မှတ်သားခြင်းမရှိတာကြောင့် ဆက်သွယ်အကြောင်းကြားတာမျိုးတွေ မရှိတဲ့အတွက် ထီပေါက်လို့ ပေါက်နေမှန်း မသိခဲ့တာဖြစ်ပါတယ်။
 
စာဖတ်သူတွေမှာလည်း မတိုက်ရသေးတဲ့ ထီလက်မှတ်တွေ ရှိရင် ထီပြန်တိုက်ကြည့်ဖို့ မမေ့နဲ့ဦးနော်..။

08 Oct 2018     1,730 Views




RELATED

Most Popular of Special or Others

Most Popular of NEWS