BEC-TERO TV

ဘာကလေ ဘာကြောင့်ခြေစွမ်း ပြနိုင်တာလဲ

08 Oct 2018     1,489 Views


မနေ့က ဆောက်သမ်တန် အသင်းနှင့်ပွဲစဉ်မှာ ၁ ဂိုးဖန်တီး၊ ၁ ဂိုးသွင်းယူပေးထားနိုင်ခဲ့တဲ့ ရော့ ဘာကလေ က  ပရီးမီးယားလိဂ် ထိပ်ဆုံးမှ မန်စီးတီး  အသင်းနှင့် လီဗာပူးလ် အသင်းတို့ကိုကောင်းကောင်း စိန်ခေါ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

“ ကျွန်တော် နည်းပြ ဆာရီရဲ့ လက်အောက်မှာ အများကြီးတိုးတတ်လာခဲ့ပါတယ် ။ ဆာရီ ဟာ တစ်ကယ်တော်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားတွေကို ဘယ်လို့ တို့တတ်လာအောင် လုပ်ရမလဲဆိုတာကို သိရှိသူပါ “ ဆိုပြီး ကျေးဇူးတင်စကား ပြောခဲ့ပါတယ် ။ ဘာကလေ ဟာ နည်းပြ ဆာရီ ရဲ့ လက်အောက် မှာ အကောင်ဆုံး ခြေစွမ်းပြနေပြီး ခြေစွမ်းပိုင်း သိသိသာသာ တိုးတတ်လာတာ ဖြစ်ပါတယ်။

နည်းပြဆာရီ ကတော့ ချလ်ဆီး အသင်း ဟာ မန်စီးတီး ၊ လီဗာပူးလ် အသင်းတို့ နောက်မှာ ရှိသေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။  လက်ရှိမှာ ချလ်ဆီးအသင်း ဟာ မန်စီးတီး ၊ လီဗာပူးလ် အသင်းတို့နှင့် ရမှတ်တူ အဆင့် ၂ နေရာမှာရပ်တည်နေပါတယ်။

ကွင်းလယ် ကစားသမား ဘာကလေ က အဲဗာတန် အသင်းမှ ယူ၇ို ၁၆ သန်းဖြင့်ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး မနှစ်က ဒဏ်ရာပြသာနာကြောင့် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ဒီနှစ် ဆာရီ လက်အောက်မှာ ခြေစွမ်းပြ နိုင်ခဲ့တာဖြစ်ပါတယ်၊ ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်မှာ ချလ်ဆီး ကစားသမား ဘဝ ပထမဆုံး ဂိုးဖြစ်ခဲ့ပါတယ်။

BBC ရဲ့ အစီအစဉ်တင်ဆက်သူတွေ ဖြစ်ကြတဲ့ အလန်ရှီးယားနှင့် ဂျေးနက်  တို့က  ဘာကလေ ဟာ အကောင်းဆုံးနေရာမှန်ကိုတွေ့ရှိခဲ့တာ ဖြစ်ကြောင်း ဘာကလေကို ချီးကျူးသွားခဲ့ပါတယ်။

 

 


08 Oct 2018     1,489 Views




RELATED

Most Popular of Football

Most Popular of Sport