BEC-TERO TV

selfie ဆွဲနေရင်း ရထားတက်ကြိတ်ခြင်းခံခဲ့ရသူ

08 Oct 2018     1,444 Views


အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့မှာ ရှိတဲ့ဆေးပညာကျောင်းသားများဟာ မိသားစုကျန်းမာရေး ဂျာနယ်မှာဖော်ပြဖို့အတွက် selfie အများဆုံး ရိုက်ကူးသူများရဲ့ စိတ်အခြေအနေကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။ သုတေသနပြုလုပ်ရင်းနဲ့ ကျောင်းသားများဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ထိ selfie ရိုက်ရင်း သေဆုံးသွားသူ ၂၅၉ ယောက်ရှိနေပါဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

သေဆုံးသူများထဲမှ တစ်ဝက်တိတိဟာ အိန္ဒိယ နိုင်ငံမှဖြစ်ပြီး တစ်ဝက်ကတော့ ရုရှမှ ဖြစ်တယ်ဟုဆိုထားပါတယ်။ သေဆုံးသူများထဲမှာ ယောင်္ကျားလေးက ၇၂.၅ ရာခိုင်နှုန်းဖြစ်ပြီး မိန်းကလေး ကတော့ ၂၇.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သာမန်ဆို မိန်းကလေးများက selfie အများဆုံးရိုက်တတ်ကြပေမဲ့ selfie ရိုက်ရင်း သေဆုံးသူဦးရေ ထဲမှာတော့ယောင်္ကျားလေးအရေအတွက်က ပိုများနေခဲ့ပါတယ်။

Selfie ရိုက်ရင်း သေဆုံးပုံကတော့ နည်းအမျိုးမျိုးပါပဲ။ ကမ်းခြေမှာ ရေမကူးတတ်ပဲ selfie သွားဆွဲတာ ဒီရေတက်လာတော့ ရေထဲပါသွားတာမျိုးလဲ ရှိပါတယ်။

ခုတ်မောင်းနေဆဲဖြစ်တဲ့ ရထားနဲ့ selfie ဆွဲမိလို့ ရထားအတိုက်ခံရတဲ့ သေဆုံးသူ လဲရှိပါတယ်။

သုတေသန ပြုလုပ်တဲ့ကျောင်းသားများရဲ့ထွက်ဆိုချက်အရ selfie ဆွဲရင်းသေဆုံးသူ ဦးရေဟာ ဒီရေအလား တစ်ဟုန်ထိုးတိုးမြှင့်လာပြီဖြစ်ပါတယ်။ ဒါကတော့ ခေတ်မီ စမတ်ဖုန်းများနဲ့ selfie sticks များပေါ်ပေါက်လာခြင်းရဲ့ ဆိုးကျိုးဖြစ်တယ်ဟု ဆိုထားပါတယ်။

အကျဉ်းချုပ်ပြောရမယ်ဆိုရင်ဖြင့် သေဆုံးသူများမှာ အသက် ၁၀ နှစ်မှ ၁၉ ၊ ၂၀ မှ ၂၉ ဝန်းကျင် လူငယ်လေးများဖြစ်ကြပါတယ်။

ယနေ့ခေတ်မှာ လူငယ်တော်တော်များများဟာ လူမှုကွန်ယက် (social media) မှာပေါ်မှာ သူ့ထက်ငါ အပြိုင် အောင်မြင်ကျော်ကြားချင်စိတ်တွေများလာကြပါတယ်။

Like တွေ Comment တွေများများ ရရှိဖို့ အတွက် အန္တရာယ်ကိုလဲ မမှုတော့ပဲ အရဲစွန့်ကာ ဓာတ်ပုံရိုက်လာကြပါတယ်။

Selfie ရိုက်တာကဆွဲတာကအပြစ်မရှိပါဘူး။ ဆွဲလို့ရပါတယ်။ အန္တရာယ်များတဲ့နေရာ selfie မဆွဲသင့်တဲ့နေရာမှာ ဆွဲတဲ့ လူတွေကပဲအပြစ်ရှိတာပါ လို့ သုတေသီကျောင်းသား များက ထွက်ဆိုထားပါတယ်။

 


08 Oct 2018     1,444 Views




RELATED

Most Popular of Special or Others

Most Popular of NEWS