BEC-TERO TV

Ballon d'Or ဆု အတွက် ဆန်ခါတင်စာရင်းတွင် ဂါးရတ် ဘေးလ် ပါဝင်လာ

08 Oct 2018     1,674 Views


၂၀၁၈ ခုနှစ်  Ballon d'Or ဆု အတွက် ဆန်ခါတင် အယောက် ၃၀ ကိုကြေညာခဲ့ရာ ရီးရဲမက်ထရစ်နှင့် ဝေးလ် ကစားသမား ဂါးရတ် ဘေးလ် ပါဝင်လာခဲ့ပြီး မန်စီးတီး တိုက်စစ်ကစားသမား အဂူရို ၊ လီဗာပူးလ် ဂိုးသမား အလီဆွန် ၊  ရီးရဲမက်ထရစ် တိုက်စစ်ကစားသမား ဘန်ဇီးမား ၊  ပီအက်စ်ဂျီ ကစားသမား ကာဗာနီ ငါးဦး ပါဝင်လာခဲ့ပါတယ်။ တစ်လျောက်တည်း အယောက် ၃၀ ကို ဆက်လက်ကြေညာသွားဖို့ရှိပါတယ်။

Ballon d'Or ဆုကို ၁၉၅၆ ခုနှစ်မှ စပြီး နှစ်စဉ်နှစ်တိုင်း ပေးအပ်ချီးမြှင်ခဲ့တာဖြစ်ပြီး ဘော်လွန်းအော ဆုကိုနောက်ဆုံးရယူထားတာကတော့ ခရစ်စတီနို ရော်နယ်ဒို ဖြစ်ပြီး ၂ နှစ်ဆက် ရယူထားတာဖြစ်ပါတယ်။ Ballon d'Or ဆုကို ကိုပြင်သစ်ဂျာနယ်လစ် နှင့် ကမ္ဘာတစ်ဝှမ်းမှ  ဂျာနယ်လစ်များမှ ရွှေူချယ်ပေးအပ်တာဖြစ်ပါတယ်။

Ballon d'Or ဆုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၊ ဒီဇင်ဘာ ၃ ရက်နေ့တွင်ကြေညာသွားဖို့ရှိပြီး ပထမဆုံးအနေဖြင့် အမျိုးသမီး Ballon d'Or ပေးအပ်ဖို့စီစဉ်ထားကြောင်းသိရပါတယ်။

 

 

 

 


08 Oct 2018     1,674 Views




RELATED

Most Popular of Football

Most Popular of Sport