BEC-TERO TV

မနက်အိပ်ရာထထချင်း မလုပ်သင့်တဲ့ အပြုအမူများ

09 Oct 2018     1,434 Views


လူတစ်ယောက်ဟာ တစ်နေကုန်စိတ်လက် ကြည်ကြည်သာသာနဲ့ အလုပ်လုပ်နိုင်ဖို့ မနက်ခင်းအိပ်ရာမှ နိုးထချိန်ကအရေးကြီးဆုံးဖြစ်ပါတယ်။ မနက်အိပ်ရာ နိုးထချိန်ကတည်းက အကောင်းမြင်နေမှသာ အကြံဉာဏ်ကောင်းများကို ဦးနှောက်က ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နေကုန် အကောင်းမြင်ပြီး စိတ်လက်ကြည်ကြည်သာသာနဲ့ အလုပ်လုပ်နိုင်ဖို့ မနက် အိပ်ရာနိုးနိုးချင်းလုံးဝ မလုပ်သင့်တဲ့ အချက် ၈ ချက်ကို ဝေမျှပေးလိုက်ပါတယ်။
 
၁။ နိုးစက်ပိတ်ပြီးပြန်မအိပ်ပါနဲ့
 
မနက်ခင်းမှာ သင်ညကချမှတ်ထားတဲ့အချိန်အတိုင်း နိုးစက်မြည်တဲ့အခါ နိုးစက်ကိုပိတ်ပြီးပြန်မအိပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ နိုးစက်ပိတ်ပြီးပြန်အိပ် တဲ့အခါမှာ သင်ဟာအိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေပါလိမ့်မယ်။ သင်ဟာအိပ်နေတာလဲ မဟုတ်သလို နိုးနေတာလဲမဟုတ်ပါဘူး။ ထိုကဲ့သို့လုပ်ခြင်းဟာ သင့်ဦးနှောက်မှာရှိတဲ့ အာရုံစိုက်နိုင်စွမ်းအားနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ဉာဏ်ရည်တို့ကို လျော့နည်းစေပါတယ်။

၂။ လူမှုကွန်ယက် (social media )များကိုအသုံးပြုခြင်း
 
လူတော်တော်များများဟာ အိပ်ရာကနိုးထရင် သူတို့ရဲ့ ဖုန်းကိုကောက်ကိုင်ပြီး စစ်တတ်ကြပါတယ်။ ဘယ်သူတွေကများ ငါ share ထားတဲ့ ပို့စ်တွေ ငါတင်ထားတဲ့ ပို့စ်တွေကို like တွေ comment တွေပေးနေကြမလဲ အစရှိသည်ပေါ့။ ဒီလိုလုပ်ခြင်းဟာ ဦးနှောက်နဲ့ အမြင်အာရုံကြောတို့ကိုထိခိုက်စေနိုင်ပါတယ်။ သင်ဟာ အိပ်ရာကနေ နိုးထလာစဉ်မှာ သင့်ဦးနှောက်ဟာ relax ဖြစ်နေပြီး ဘာမှတွေးတော နေဦးမှာမဟုတ်ပါဘူး။ ထိုအချိန်မှာသင်ဟာ စမတ်ဖုန်းကိုထုတ်ပြီး လူမှုကွန်ယက်ပေါ်က သတင်းတွေအတင်းတွေကို ကြည့်ရှုနေမယ်ဆိုရင် ဦးနှောက်ကို မကြည်မလင်ဖြစ်စေပြီး တစ်နေကုန်အကောင်းမြင်စိတ်များ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးနှောက်နဲ့ အာရုံကြော အထူးကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ Dr.David Friedman ကဒီလိုပြောထားပါတယ်။ “ သင်အိပ်ရာထတဲ့အချိန်မှာ သင့်ရဲ့ ဖုန်းကိုလျစ်လျူရှုထားပါ။ တကယ်လို့မဖြစ်မနေ ဖုန်းသုံးချင်တယ်ဆိုရင်တော့ မနက်အိပ်ရာထ၊ ရေချိုး၊ အဝတ်အစားလဲပြီး၊ မနက်စာစားပြီးမှာ အသုံးပြုတာအသင့် တော်ဆုံးပါပဲ” ဟုပြောထားပါတယ်။

၃။ ကော်ဖီမသောက်ပါနဲ့
 
မနက်အိပ်ရာထထချင်း ကော်ဖီကို လုံးဝမသောက်သုံးသင့်ပါဘူး။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ သင့်ကိုယ်ခန္ဓာကို ရွှင်မြူးလန်းဆန်းစေပေမယ့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သဘာဝအတိုင်းဖြစ်ပေါ်စေတဲ့ အသွေးအသားတို့ကို  ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိအောင် အနှောင့်အယှက်ပေးပါလိမ့်တယ်။ တကယ်လို့ သင်ဟာ ကော်ဖီစွဲနေသူ တစ်ယောက်ဖြစ်ပြီး မဖြစ်မနေ သောက်ရမှကျေနပ်မယ်ဆိုရင်တော့ မနက် ၁၀ နဲ့ နေ့လည် ၁၂ အချိန်အထိက ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ပါပဲလို့ အကြံပြုပါရစေ။

၄။ အိပ်ရာကိုချက်ချင်းသိမ်းပါ။
အိပ်ရာထတာနဲ့ အိပ်ရာချက်ချင်းသိမ်းတတ်တဲ့ အလေ့အကျင့်ကောင်းကို ပြုလုပ်ပေးသင့်ပါတယ်။ လူတစ်ယောက်ဟာ အိပ်နေစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်မှ အစိုဓာတ်ကိုအများဆုံး ထုတ်လွှတ်ပါတယ်။ ချွေးစေးအနေနဲ့ပေါ့။ တကယ်လို့ သင်ဟာ အိပ်ရာမသိမ်းပဲ ဒီတိုင်းပစလက်ခတ်ထားခဲ့မယ်ဆိုရင် သင်ညအိပ်ရာဝင်စဉ်က ထွက်ရှိထားတဲ့ သင့်ရဲ့ ချွေးစေးတွေနဲ့ သင့်အိပ်ရာဟာ စိုစွတ်နေမှာဖြစ်ပါတယ်။ စိုထိုင်း နေတဲ့ သင့်အိပ်ရာကို ဘက်တီးရီးယားရောဂါပိုးများစွာဝင်ရောက်လာနိုင်ပါတယ်။ အဲ့ဒီ ဘက်တီးရီးယားပိုးမွှားများကနေ နှာစေး၊ ချောင်းဆိုး၊ အအေးမိရောဂါများကို အလွယ်တကူဖြစ်ပွားစေနိုင်ပါတယ်။

၅။ TV မကြည့်ပါနဲ့

 
အိပ်ရာထထချင်း TV ကြည့်တာကလဲ ဖုန်းကြည့်တာနဲ့ အလားတူပါပဲ။ သင့်ဦးနှောက်ဟာ နိုးထလာလာချင်း ဘာမှမတွေးသေးတဲ့ အချိန်အတောအတွင်းမှာ TV ကိုဖွင့်ကြည့်လိုက်တဲ့အတွက် သင့်ဦးနှောက်ရဲ့ လုပ်ငန်းစဉ်ကို ရှုပ်ထွေးသွားစေပါတယ်။ ထိုသို့ ပြုလုပ်ခြင်းရဲ့ အကျိုးဆက်ကတော့တစ်နေ့လုံး စိတ်လက်မကြည်မသာ ဖြစ်နေတတ်ပါတယ်။
 

၆။ အလုပ်အကြောင်းမစဉ်းစားပါနဲ့

 
ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာထထချင်းမှာ အလုပ်ကိစ္စများကို မစဉ်းစားသင့်ပါဘူး။ အိပ်ရာထတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါးပဲ ထသင့်ပါတယ်။ သင့်ရဲ့ တာဝန်တွေ deadlines တွေ အလုပ်ကပေးတဲ့ဖိအားတွေအကြောင်းကို မစဉ်းစားသင့်ပါဘူး။ တစ်နေ့လုံး အကောင်းမြင်စိတ်ဖြစ်ပေါ်အောင်လို့ အိပ်ရာထထချင်းမှာ သင့်ရဲ့အတွေးတွေကို ကြည်နူးစိတ်ချမ်းသာဖွယ်ကောင်းတဲ့အရာများကိုသာ တွေးတောသင့်ပါတယ်။

၇။ Email စစ်တာမျိုးမလုပ်ပါနဲ့

 
လူတော်တော်များများက မနက်ခင်းမှာနိုးထဖို့အတွက်သူတို့ ဖုန်းတွေနဲ့ နိုးစက်ပေး လေ့ရှိပါတယ်။ နိုးစက်ကို ပိတ်ပြီးတာနဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို စစ်ဆေးဖို့ Email ကိုစစ်တတ်တာမျိုးတွေရှိပါတယ်။ ဒါက နိုးနိုးချင်း relax ဖြစ်နေတဲ့ သင့်ဦးနှောက်ကို ရှုပ်ထွေးသွားစေပါတယ်။ သင့်ရဲ့ အကောင်းမြင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ ကျွန်တော်တို့ ရဲ့ စိတ်နဲ့ ဦးနှောက်ဟာဆက်စပ်နေတာမို့ အကောင်းမြင်စိတ်မရှိတော့တဲ့အခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာလဲ အကြံဉာဏ်ကောင်းတွေ ထွက်မလာနိုင်တော့ပါဘူး။

၈။ ဆုံးဖြတ်ချက်အများကြီးမပြုလုပ်ပါနဲ့

 
မနက်အိပ်ရာထထချင်းမှာ ဆုံးဖြတ်ချက် အများကြီးမပြုလုပ်သင့်ပါဘူး။ လူတော်တော်များများက မနက်အိပ်ရာထထချင်းမှာ“ဒီနေ့ငါ ဘာဝတ်ရမလဲ မနက်စာဘာစားရမလဲ” အစရှိတဲ့ အရေးမပါတဲ့အရာတွေကို တွေးလေ့ရှိပါတယ်။ အဲ့လိုလျှောက်တွေးနေတာကလဲ သင့်ဦးနှောက် ရဲ့ လုပ်ငန်းစဉ်တွေကို ရှုပ်ထွေးနေပြီးအဆိုးမြင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 


09 Oct 2018     1,434 Views




RELATED

Most Popular of Special or Others

Most Popular of Life Style