BEC-TERO TV

Ballon d'Or ဆု အတွက်ဆန်ခါတင် အယောက် ၃၀

09 Oct 2018     1,526 Views


ပြင်သစ် ဘောလုံး မဂ္ဂဇင်းကတော့ ၂၀၁၈ ခုနှစ်အတွက်  Ballon d'Or ဆု အတွက်ဆန်ခါတင် အယောက် ၃၀ ကိုတရားဝင်ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ ရီးရဲမက်ထရစ် နှင့် လီဗာပူးလ် ကစားသမား အများစုပါဝင်လာခဲ့ပြီး မက်ထရစ်မှ ၈ ယောက်ပါဝင်ပြီး ၊ လီဗာပူးလ် မှ ၄ ခန့်ပါဝင်လာခဲ့ပါတယ်။ ပီအက်စ်ဂျီ ကစားသမားလေး မက်ပီကတော့ လူငယ်ရော လူကြီးရော ဆန်ခါတင်ထဲ့မှာ ပါဝင်နေပြီး လူငယ်ဆုအတွက် ရေပန်းစား နေပါတယ်။

Ballon d'Or ဆုကို ၁၉၅၆ ခုနှစ်မှ စပြီး နှစ်စဉ်နှစ်တိုင်း ပေးအပ်ချီးမြှင်ခဲ့တာဖြစ်ပြီး ဘော်လွန်းအော ဆုကိုနောက်ဆုံးရယူထားတာကတော့ ခရစ်စတီနို ရော်နယ်ဒို ဖြစ်ပြီး ၂ နှစ်ဆက် ရယူထားတာဖြစ်ပါတယ်။ Ballon d'Or ဆုကို က ပြင်သစ် ဘောလုံး မဂ္ဂဇင်း နှင့် ကမ္ဘာတစ်ဝှမ်းမှ  ဂျာနယ်လစ်များမှ ရွှေူချယ်ပေးအပ်တာဖြစ်ပါတယ်။

Ballon d'Or ဆုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၊ ဒီဇင်ဘာ ၃ ရက်နေ့တွင်ကြေညာသွားဖို့ရှိပြီး ပထမဆုံးအနေဖြင့် အမျိုးသမီး Ballon d'Or ဆုပါ ပေးအပ်ဖို့စီစဉ်ထားကြောင်းသိရပါတယ်။ အမျိုးသမီး Ballon d'Or ဆုအတွက် ဘရာဇီးမှ မာတာ ကရေးပန်းစားနေခဲ့တာဖြစ်ပါတယ်။

ဆယ်ခါတင် အယောက် ၃၀ စာရင်း

အဂွေးရိုး (မန်စီးတီး)၊အလီဆွန် (လီဗာပူး)၊ဘေးလ် (ရီးရဲ)၊ဘန်ဇီးမား (ရီးရဲ)၊ကာဗာနီ (ပီအက်စ်ဂျီ)၊ကော့တွိုက်က် (ရီးရဲ)၊ရိုနာဒို (ဂျူဗီ)၊ဒီဘရိုင်း (မန်စီးတီး)၊ဖာမင်နို (လီဗာပူး)၊ဂိုဒင် (အေတီကို)၊ဂရစ်ဇ်မန်း (အေတီကို)၊ဟာဇက် ( ချဲဆီး )၊ကန်တီ ( ချဲဆီး )၊အစ္စကို ( ရီးရဲ)၊ကိန်း (စပါး)။လိုရစ် (စပါး)၊မန်ဇူကစ် (ဂျူဗီ)၊မာနေး (လီဗာပူး)၊မာဆယ်လို (ရီးရဲ)၊မက်ပီ (ပီအက်စ်ဂျီ)၊မက်ဆီ (ဘာကာ)မိုဒရစ်၊ (ရီးရဲ)နေမာ (ပီအက်စ်ဂျီ)၊အော့ဘလက် (အေတီကို)၊ပေါ့ဘာ (ယူနိုက်တက်)၊ရာကီတစ် (ဘာစီလိုနာ)၊ရာမို့စ် (ရီးရဲ)၊ဆာလတ် (လီဗာပူး)၊ဆွာရက် (ဘာစီလိုနာ)၊ဗာရန်း (ရီးရဲ) တို့ပဲဖြစ်ပါတယ်။

 

 


09 Oct 2018     1,526 Views




RELATED

Most Popular of Football

Most Popular of Sport