BEC-TERO TV

လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ "ကြယ်တွေတဖြုတ်ဖြုတ်ကြွေ"

09 Oct 2018     1,414 Views


လူမှုကွန်ယက်ပေါ်မှာ Tag ချိပ်ကာ အပြန်အလှန်စိန်ခေါ်တဲ့ ယဉ်ကျေးမှု ထွန်းကားလာပြီး တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ဖန်တီးလာကြပါတယ်။ အခုတစ်ခါနာမည်ကြီးလာတဲ့ နောက်ဆုံး စိန်ခေါ်မှု Challenge ကတော့ FallingStars2018 ပဲဖြစ်ပါတယ်။
 
 
FallingStars2018 Challenge ဟာ အဆင့်မြင့်တယ်လို့ ပြောရမလား၊ ဒီစိန်ခေါ်မှုကို ကမ္ဘာတစ်လွှားက မီလီယံနာသူဌေးတွေ၊ နံမည်ကျော်ဆယ်လီတွေပါ ပါဝင်လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။ FallingStars ကို သရုပ်ဖော်တာကတော့ အမြင့်တစ်နေရာရာကနေ ပြုတ်ကျပြီး သေသွားတဲ့ မြင်ကွင်းကို ပုံစံမျိုးစုံနဲ့ သရုပ်ဖော်နေကြတာဖြစ်ပါတယ်။ ဒီပုံကို သရုပ်ဖော်ရိုက်ကူးပြီး အင်စတာဂရမ်ပေါ်ကနေ ကိုန်စိန်ခေါ်ချင်တဲ့ သူငယ်ချင်းကို Tag လုပ်ပေးရတာဖြစ်ပါတယ်။ 
 
 
ဒီလိုဟက်ရှ်တက်(#) ခံပြီး စိန်ခေါ်ရတဲ့ #FallingStars2018 ကို ရုရှားနိုင်ငံက စလိုက်ပြီးတဲ့နောက် တစ်ကမ္ဘာလုံးကို ပျံ့နှံခဲ့တာဖြစ်ပါတယ်။ အမေရိကန်နာမည်ကြီးမော်ဒယ် Arizona Muse ၊ ယူကရိန်းမယ် တို့ကပါ ဒီလို challenge မှာ ပါဝင်လာပါတယ်။ အခုဆိုရင် အင်စတာဂရမ်ပေါ်မှာ ဒီလိုစိန်ခေါ်တဲ့ ပိုစ့်ပေါင်း ၂၀,၀၀၀ ကျော်လောက်ကို တွေ့နေရပါပြီ။
 
 
ဒီအထဲမှာ အင်ဒိုနီးရှားက မော်ဒယ်ရုပ်ရှင်မင်းသား Richo Kyle က သူ့ရဲ့ရည်းစား Jessica Iskandar လဘော်ဂနီ(Lamborghini) ဇိမ်ခံကားပေါ်က ပြုတ်ကျတဲ့ ပုံကို တင်ထားပါတယ်။ အချို့သူဌေးတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်ရွက်လှေတွေပေါ်ကနေ ပြုတ်ကျတဲ့ပုံ၊ ဂျက်လေယာဉ် လှေကားကနေ ပြုတ်ကျတဲ့ ပုံတွေကို အမျိုးမျိုးတင်ထားတာ တွေ့ရပါတယ်။
 
 
FallingStars ရဲ့ အတွေးအခေါ်အယူအဆက အီတလီဓါတ်ပုံဆရာ Sandro Giordano ရဲ့ _IN EXTREMIS ဓါတ်ပုံပြပွဲမှ အိုင်ဒီယာကို တုပပြီး တစ်ဆင့်ပြန်လည်ပုံဖော်ထားခြင်းဖြစ်ပါတယ်။
 
 
 
 
 
 
ကဲ.. ကျွန်တော်တို့လည်း ခေတ်မီသွားအောင် #FallingStars လိုက်ကြတာပေါ့နော်..။

09 Oct 2018     1,414 Views




RELATED

Most Popular of Special or Others

Most Popular of NEWS