BEC-TERO TV

သူ့ ဖက်ရှင်တွေကမလန်းပါဘူးလို့ ပြောလာတဲ့မအေးသောင်း

10 Oct 2018     1,577 Views


ကိုကိုတို့ မောင်မောင်တို့ ချစ်ရတဲ့ မအေးသောင်းက သူ့ကိုသူ ဖက်ရှင်ကျတဲ့သူ တစ်ယောက်မဟုတ်ဘူးလို့ သတ်မှတ် ထားတာပါတဲ့နော်။ မအေးသောင်းလို အထာကျ လှပသူတစ်ဦးက သူ့ကိုယ်သူ ဘာကြောင့် ဒီလိုထင်ရသလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

မအေးသောင်းဟာ သူမကိုယ်သူမ ဖက်ရှင်အမြင်တွေနဲ့ ပတ်သတ်ပြီး အင်တာ ဗျူးတစ်ခုမှာ ဖွင့်ဟ ပြောဆိုလာပါတယ်။ သူ့ကိုယ်သူ ဖက်ရှင်ကျသူတစ်ယောက်လို့ မမြင်မိပါဘူးတဲ့။

“ဖက်ရှင်က လူတစ်ယောက်ကိုပြောင်းလဲစေပါတယ်။ အများကြီးအရေးပါ ပါတယ်။ ကိုယ့်ပုံစံကို ပြောင်းလဲစေပြီး မှတ်မိစေတာလဲ ဖက်ရှင်ပါပဲ ။ ဖက်ရှင်က လူတိုင်းအတွက်အရေးပါ ပါတယ်။ ကိုယ့်ကိုကိုယ်တော့ ဖက်ရှင်ကျတဲ့လူလို့ မခံစားမိဘူး။ ဖက်ရှင်အရမ်းကျတဲ့ ထဲမပါဘူးပုံမှန်အတိုင်းပါပဲ။ ဖက်ရှင်တွေနဲ့ ပတ်သတ်ပြီး အနုပညာရှင်ဖြစ်တဲ့အတွက် ဝေဖန်တာတွေက ခံရမှာပါပဲ။ ကြိုက်တာမကြိုက်တာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှု လူတစ်ဦးတစ်ယောက်ချင်းစီ ရဲ့ရွေးချယ်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။ မြန်မာပြည်က ပရိတ်သတ်တွေလဲ အမြင်အရမ်းကျယ်လာကြပါပြီ။” လို့ ဖြေကြားထားပါတယ်။

ပြီးတော့ ဝါကျွတ်ရင် လက်ထပ်ကြမယ့်လူတွေအတွက် ဝမ်းသာပါတယ်။ congratulation ပါလို့ အပျိုကြီး မမ မအေးသောင်းက ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။


10 Oct 2018     1,577 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS