BEC-TERO TV

ဘာကြောင့် အိမ်ထောင်ရေးတစ်ခု လွယ်လွယ်နဲ ပြိုကွဲသွားကြတာလဲ

10 Oct 2018     1,596 Views


ကျွန်တော်တို့ အချစ် ဆိုတာ ရယူခြင်း ၊ ပေးဆပ်ခြင်း ၊ ကြင်နာယုယမှု ၊ သမုဒ္ဒယ အစရှိသည် အဓိပ္ပယ်မျိုးစုံဖွဲပြီး နောက်ဆုံး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုသွားတာတွေ့ တွေရပါတယ်။ အခုခေတ် မှာ ပိုပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ( ၁၈ နှစ်ပြည့်ပြီး )လို့ အိမ်ထောင်ပြုသွား ကြတဲ့ လူငယ်တစ်စုကို လေ့လာကြည့်တဲ့ စစ်မှန်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ခြင်း မတွေ့ရပါဘူး။
 

အခုပြောပြချင်တာက အိမ်ထောင်ရေး မှာသာယာမှုမရှိတာ ဘာကြောင့်လဲ ၊ စစ်မှန်တဲ အိမ်ထောင်ရေးတစ်ရပ်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ ပြောပြပေးသွားပါမယ်။
 
အိမ်ထောင်ရေး တစ်ခုမှာ ကိုယ်အိမ်ထောင်ရေး တစ်ခုကို ပျော်ရွင်စွာဖြတ်သန်းသွားနိုင်ဖို့ အိမ်ထောင်ဖက်ရဲ့ အလိုဆန္ဒနဲ့ လိုအပ်ချက်တို့ကို နားလည်သဘောပေါက်နေဖို့လို့ပါတယ်။ဒါမှသာ ပျော်ရွင်တဲ အိမ်ထောင်ရေး တစ်ခုဖြစ်လာနိုင်ပြီး အသက်ရှည်  ကျန်းမာ ၊ စိတ်ချမ်းသာ နိုင်မှာဖြစ်ပါတယ်။

အိမ်ထောင်ရေး မှာသာယာမှုမရှိတာ ဘာကြောင့်လဲ?

၁။ အဓိက ကတော့ ရည်းစားဘဝမှာ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် မလေ့လာဘဲ အချစ်တစ်ခုတည်းကို သာ ယုံကြည်ကိုးစာပြီး အိမ်ထောင်ပြုသွားသူ။
 
၂။ အချိန်တိုလေးအတွင်းမှာ နင်ရှိရင် ဘာမဆိုဖြစ်တယ် နင်အတွက် ဘာပဲဖြစ်ဖြစ် ထမင်းရေသောက် မြက်ခြောက်စားပြီး အတူနေသွားနိုင်တယ် ဆိုပြီး အိမ်ထောင်ပြုသွားသူ။
 
၃။ သမီးရည်စားဘဝမှာ အချစ်တွေကို ပေးအပ်၊ ဘဝတွေကို ပေးဆပ် ပြီး အမှားလွန်ပြီး အိမ်ထောင်ပြုသွားကြသောလူတစ်ချို့ ။
 
၄။ နောက်တစ်ခုက ကြိုတင်ပြင်ဆင်ထားမှုမရှိ အိမ်ထောင်ပြုသူ ၊သမီးရည်းစား ဘဝမှာ စီးပွားရေး ကို အခြေတစ်ခုရောက်အောင် မတည်ဆောက်နိုင်ခဲဘဲ ယူပြီးမှ နင်ကဘယ်လို ၊ ငါက ဘယ်လို ဖြစ်လာပြီး ကလေးတွေ ရလာခါမှ တိုင်ပတ်နေသာ အိမ်ထောင်တစ်စု။
 
၅။ နောက်ဆုံးတစ်ခုက  မိဘပေးစားလို့အိမ်ထောင်ပြုသွားရတဲ့လူတစ်ချို့ ၊ ဒါကလည်း အတော်ဆိုးပါတယ် ။ အချစ်မရှိဘဲ ဘဝ တစ်ခုကို တည်ဆောက်ပြီး အဆင်မပြတဲ့ သူတွေအများကြီးပါ ၊
 
ဒါတွေဖြစ်မလာလို့ အတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကတော့ အထက်ပါအကြောင်းအရာ မဖြစ်လာဖို့ ဆင်ခြင်သုံးသပ်ဖို့ အကြံပေးပါတယ်။ ယောက်င်္ကျားလေးများ ကလည်း အိမ်ထောင်မကျခင်မှာ ကိုယ်ချစ်သူ ကိုယ်ရည်းစား အပေါ် ဘယ်တော့မှ အခွင့်ကောင်း မယူမိစေပါနဲ့။
 
မယူခင်လေ့လာပါ ၊ တစ်ယောက်နဲ့ တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ပြီး တစ်ယောက်အကြောင်း တစ်ယောက် သိမှ လက်ထပ်ပါ။ မိန်းကလေးများကလည်း အဖြေတစ်ခု ကိုလွယ်လွယ်မပေးပါနဲ့ ။ ကိုယ်ရဲ ဘဝ တစ်ခုလုံးကို ယုံယုံကြည်ကြည် မပေးဆပ်ချင်ပါနဲ့ ၊ အနာဂါတ်အတွက် ဘာတွေကို ပြင်ဆင်ထားပြီးပြီလဲ ၊ ဘာတွေပြည့်စုံပြီလဲ ဆိုတာ စဉ်းစားပါ ။ နှစ်ဦးသားတိုင်ပင်ပါ ၊ ကိုယ်လည်းတစ်ကယ် ယုံကြည်ရပီ၊ ဘဝတစ်ခုတည်ဆောက်ဖို့ အနာဂါတ် အတွက်ပြင်ဆင်ပြီးပြီ ဆိုမှသာ လက်ထပ်ကြပါ။

သက်ဆုံးတိုင်လက်တွဲသွားနိုင်ကြပါစေ။

 


10 Oct 2018     1,596 Views




RELATED

Most Popular of Special or Others

Most Popular of NEWS