BEC-TERO TV

ညီအစ်မတွေအလား အပြိုင်အဆိုင်လှနေကြတဲ့ ခိုင်သင်းကြည်တို့သားအမိ

12 Oct 2018     1,735 Views


ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ ဇာတ်ရုပ်မျိုးစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် ယနေ့တိုင်အောင်မြင်မှုများစွာကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ အမြဲပျော်ပျော်ရွှင်ရွှင် စနောက်နေတတ်သူတစ်ဦးမို့ ပရိသတ်တွေကလဲ ချစ်ခင်အားပေးနေကြရတာဖြစ်ပါတယ်။ အများကအားကျလောက်စရာ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ မခိုင်လေးကတော့ အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးလေးစံထိပ်ထားနဲ့အတူ ငပလီကိုရောက်ရှိလို့နေပါတယ်။

မိခင်ဖြစ်သူရဲ့ရှုတင်ကိုလိုက်ပါသွားတဲ့ စံထိပ်ထားလေးနဲ့ မခိုင်လေးကတော့ ဖက်ရှင်ဆင်တူဝတ်ကာ အပြိုင်အဆိုင်လှလို့နေကြပါတယ်။ သမီးလေးကလဲလှ၊ မခိုင်လေးကလဲ နုပျိုလန်းဆန်းနေတာကြောင့် ညီအစ်မတွေလို့ထင်ရလောက်အောင် ချစ်စရာကောင်းလွန်းတဲ့သားအမိပါပဲနော်… ပရိသတ်တွေအတွက် ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

 

 


12 Oct 2018     1,735 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment