BEC-TERO TV

မစာနာတဲ့စိတ်ထားတွေကြောင့် ဟိန်းမင်းသူဘက်မှ ၀န်းရံပြောဆိုလိုက်တဲ့ စမိုင်းလ်

12 Oct 2018     1,904 Views


ယမန်နေ့ အောက်တိုဘာ (၁၁) ရက်နေ့က အဆိုတော်သရုပ်ဆောင် ဟိန်းမင်းသူတစ်ယောက် ဖေ့စ်ဘွတ်အကောင့်ကိုဟက်ခံလိုက်ရပါတယ်။ အကောင့်ဟက်ခံရပြီးနောက် ဟက်ကာဘက်မှ ဟိန်းမင်းသူရဲ့အတွင်းရေး privacy တွေကို လူပုံအလယ်ချပြခဲ့တာကြောင့် ပရိသတ်တွေကြားအရှက်တကွဲဖြစ်ခဲ့ရတဲ့ဟိန်းမင်းသူဟာ ဘာမီတွန်အိပ်ဆေးတွေတစ်ဘူးလုံးသောက်လိုက်တာကြောင့် ညတွင်းချင်း ဆေးရုံတင်လိုက်ရတယ်လို့သိရပါတယ်။

နဂိုကနှလုံးရောဂါအခံရှိတဲ့ ဟိန်းမင်းသူဟာ လက်ရှိဂျပန်ဆေးရုံ အမျိုးသားဆောင်မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ယခုလို သူ့အကျိုးမရှိ ကိုယ့်အကျိုးမဖြစ်စေတဲ့ လုပ်ရပ်ကြောင့် သရုပ်ဆောင်စမိုင်းလ်တစ်ယောက် ဟိန်းမင်းသူဘက်ကနေ ၀န်းရံပြောဆိုလိုက်ပါတယ်။ သူတစ်ပါးကိုထိခိုက်နစ်နာအောင်လုပ်ပြီး စာနာစိတ်ထားခေါင်းပါးလာကြတဲ့လူတွေရဲ့လုပ်ရပ်ကို ယခုလိုပဲပြောထားပါတယ်။

စမိုင်းလ်ပြောထားတာကတော့ “သူ့ဟာသူဆိုဆိုခြောက်ခြောက် သူ့ဘဝနဲ့သူ… သူများကိုဒုက္ခလိုက်ပေးနေတာလည်းမဟုတ်ဘူး.. အခုတော့သနားပါတယ်… လူတွေကစာနာစိတ်တွေနည်းလာကြပြီ… အွန်လိုင်းကနေ cyber bullying လုပ်တာတွေကသူများအသက်ကိုပါထိခိုက်နိုင်တဲ့အထိဖြစ်နေပြီ.. Hacker တွေကိစ္စကိုယ်လည်းမြန်မာနိုင်ငံမှာဘာမှမလုပ်နိုင်ကြတော့ဘူးလား .. လူအချင်းချင်းဒုက္ခပေးခြင်း ကင်းဝေးကြပါစေ” ဆိုကာ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

ယခုလိုမျိုး ဟက်ကာတွေရဲ့လုပ်ရပ်ကြောင့် ဆေးရုံတက်လိုက်ရတဲ့ ဟိန်းမင်းသူအတွက် ခင်မင်သူအပါင်းအသင်းများနဲ့ ပရိသတ်များကလဲ စိတ်မကောင်းဖြစ်လို့နေကြပါတယ်...

 


12 Oct 2018     1,904 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS