BEC-TERO TV

အစည်းအဝေးလုပ်နေစဉ် မျက်နှာကျက်ပေါ်မှ စပါးအုန်းမြွေပြုတ်ကျလာ (ရုပ်သံ)

15 Oct 2018     1,769 Views


တရုပ်နိုင်ငံ နန်နင်းပြည်နယ်ရဲ့ မြို့တော် ဂေါင်ဇီမြို့က ဘဏ်တစ်ခုတွင် ဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် မျက်နှာကျက်ပေါ်မှ ၆ ပေကျော်ရှည်လျားသည့် စပါးအုန်းမြွေတစ်ကောင် ရုတ်တရက် ပြုတ်ကျလာသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။
 
 
မြွေကြီးက ကြမ်းပြင်ပေါ် ပြုတ်ကျခဲ့ချိန်တွင် ဝန်ထမ်းများလန့်ဖျတ်ကာ ထွက်ပြေးခဲ့ကြပြီး မြွေကြီးကလည်း ပြန်လည်ရုန်းထကာ ကြမ်းပြင်အနှံ့ တွားသွားတာကို ရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။ ရုံးခန်းရဲ့ ဧည့်ခန်းထဲမှာ ရစ်ခွေပြီး ပုန်းနေတဲ့ မြွေကြီးကို ကျွမ်းကျင်သူတွေ လာရောက်ဖမ်းဆီးတဲ့အခါမှာတော့ ဒေါသတကြီးနဲ့ ရစ်ပတ်တာကိုလည်း ရုပ်သံမှာ တွေ့မြင်ခဲ့ရပါတယ်။
 
ဝန်ထမ်းများကတော့ မြွေကြီးဟာ ဘဏ်၏ကပ်လျှက်တွင် ဖွင့်ထားသော ပန်းနှင့် ငှက်များ ရောင်းချသည့်ဆိုင်မှ ဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြသည်။ 
 

15 Oct 2018     1,769 Views




RELATED

Most Popular of Special or Others

Most Popular of NEWS