BEC-TERO TV

အိမ်ထောင်ပြုခြင်းနဲ့ပတ်သတ်ပြီးဖွင့်ဟပြောဆိုလာတဲ့ဝေဋ္ဌုကျော်

15 Oct 2018     1,589 Views


“သီတင်းကျွတ်တာကတော့ နှစ်တိုင်းကျွတ်နေတာပါပဲ ကျွန်တော်တို့ မကျွတ်သေးတာတော့ မတတ်နိုင်ဘူး”လို့ သရုပ်ဆောင် ဝေဋ္ဌုကျော်က လူပျိုကြီး ဘဝမှ မကျွတ်နိုင်သေးတဲ့အကြောင်းကို ဟာသနှောပြီး အရွှန်းဖောက် ပြောကြားထားပါတယ်။

လူပျိုကြီးတွေ အပျိုကြီးတွေဆိုတာအရွေးလွန်လို့ဖြစ်ရတာမဟုတ်ပါလား။

ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ဝေဋ္ဌုကျော်က

“ရွေးလွန်းတာတော့ မဟုတ်ပါဘူး ကျွန်တော့် သည်းညည်းမခံနိုင်မှာ စိုးလို့ပါ။ ကျွန်တော်က အိမ်ကပ်တာမဟုတ်ဘူးလေ အမြဲတမ်းလမ်းပေါ်ရောက်နေတဲ့ အကောင်ဆိုတော့”  ဆိုပြီးဖြေကြားထားပါတယ်။

သူသည်လည်းပဲ အခြားသူများနည်းတူ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ချင်ပြီ ဖြစ်ကြောင်းကို ပြောကြားထားပါသေးတယ်။

“မိသားစုဘဝတော့ တည်ထောင်ချင်တာပေါ့ ဒါဟာလဲ အိမ်မက်တစ်ခုပါပဲ အကြောင်းကြောင်းကြောင့် လွှဲချော်သွားခဲ့ရတာပေါ့”

ဒုက္ခရောက်နေသူတွေအကုန်လုံးဟာလဲ သူ့ မိသားစုဝင်တွေချည်းပါပဲလို့ သူဟာ အားတက်သရောပြောကြားခဲ့ပါသေးတယ်။

 

 

ဖူးစာရှင် အိမ်ထောင်ဖက်ကိုလဲ ရှာတော့ရှာနေဆဲပါပဲတဲ့။

“ရှာတော့လဲ ရှာနေပါတယ်။ တွေ့တော့လဲ တွေ့ထားပါတယ်။ မတင်မကျ ကြောက်လို့လဲ မပြောရဲတာပါ”

“အနုပညာရှင်ထဲကလဲဖြစ်နိုင်တာပဲ ၊ ပရဟိတ အဖွဲ့ထဲကလဲ ဖြစ်နိုင်တာပဲ၊ ဒုက္ခသည်တွေထဲကလဲ ဖြစ်နိုင်တာပဲ” လို့ပြောကြားထားပါတယ်။

ချစ်ရမှာကိုကြောက်လို့လားဆိုတော့

“ကျွန်တော်က ကြောက်တတ်တယ်ဆိုတာထက် ကြောက်တဲ့အရွယ်ရောက်လာတယ်ဆိုရမယ်” လို့ဖြေကြားထားပါတယ်။

အဆုံးသတ်အနေနဲ့ ဝေဋ္ဌုကျော်က နွေရာသီအားလပ်ရက်များမှာ ဇာတ်ကားများ ရိုက်ကူးပြီး သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်သွားမယ်လို့သိရပါတယ်။

“ဇာတ်ကားကတော့ နွေရာသီ ကျွန်တော်အားရင်ရိုက်ဖြစ်ပါတယ်။ တစ်နှစ်မှာ တစ်ကား နှစ်ကားလောက်တော့ရိုက်ဖြစ်အောင်ရိုက်ပါတယ် ” ဆိုပြီးဖြေထားပါတယ်။


15 Oct 2018     1,589 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS