BEC-TERO TV

ကာမဆန္ဒကို မလိုက်လျောသဖြင့် ကျားလိင်အင်္ဂါအား ရဲရဲနီသော မီးညှပ်ဖြင့်ဆွဲ

16 Oct 2018     2,134 Views


အိန္ဒိယနိုင်ငံက အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဟာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးအား လိင်အလို့ငှာ မြူဆွယ်ခဲ့ပြီးနောက် ကောင်လေးက သူမ၏ ကာမဆန္ဒကို မလိုက်လျောသဖြင့် လိင်အင်္ဂါကို မီးရဲနေသည့် မီးညှပ်ပူပူဖြင့် ညှပ်ပြီး မီးကျွမ်းအောင်လုပ်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။
 
ပြီးခဲ့တဲ့ သောကြာနေ့ နေလည်ပိုင်းက နယူးဒေလီမြို့နှင့် မနီးမဝေးမှာရှိတဲ့ ချပ်ရူလာမြို့အနီး ရွာတစ်ရွာမှ အသက် ၂၀ ဝန်းကျင် အိမ်ထောင်ရှင် အမျိုးသမီးက အိမ်တွင် လင်ယောက်ျားမရှိခိုက် အိမ်အနီးနားမှ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦးအား သွေးဆောင်ဖြားယောင်းကာ အိမ်သို့ ခေါ်လာခဲ့ပြီးနောက် လိင်စိတ်နိုးကြွလာအောင် ပြုမူခဲ့သည်။
 
ကောင်လေးက သူမ၏ဆန္ဒကို ငြင်းဆန်သည့်အခါ ဒေါသထွက်ပြီးနောက် ပူကျွတ်နေသော မီးညှပ်ဖြင့် ညှပ်ကာ ကောင်လေး၏ လိင်အင်္ဂါကို မီးကျွမ်းအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးဟာ သူမရဲ့သားကို သဘောကျနေခဲ့ပြီး လိင်ရယူဖို့ ကြိုးစားနေတာ တစ်ကြိမ်မကတော့ဘူးဟု ဆယ်ကျော်သက် ကောင်လေး၏ မိခင်ဖြစ်သူက ပြောကြားခဲ့သည်။
 
 
ဖြစ်စဉ်ကို ရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် သက်ဆိုင်ရာက သွားရောက်ထိန်းသိမ်ခဲ့ရာ အမျိုးသမီးမှာ နေအိမ်မှ တိမ်းရှောင်ခဲ့ပြီး ခုချိန်ထိ ရှာမတွေ့သေးကြောင်း၊ သူမကို လက်နက်အသုံးပြုကာ နာကျင်အောင် လုပ်ဆောင်မှု၊ ချုပ်နှောင်ထားမှု၊ ပြန်ပေးမှုများနဲ့ပါ တရားစွဲဆိုနိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 
 
 

 


16 Oct 2018     2,134 Views




RELATED

Most Popular of Special or Others

Most Popular of NEWS