BEC-TERO TV

မိသားစုဝင်တစ်ယောက် ထပ်တိုးလာတော့မယ့်အကြောင်း ကြော်ငြာလိုက်တဲ့ R ဇာနည်

16 Oct 2018     1,741 Views


အဆိုတော် R ဇာနည်ဟာဆိုရင် သူ့ရဲ့ ချိုမြတဲ့အသံ၊ အားကောင်းလှတဲ့ အသံပါဝါတို့နဲ့ သီချင်းကောင်းတွေကို ဟစ်ကြွေးသီဆိုခဲ့တာကြောင့် တစ်ချိန်က ဆယ်ကျော်သက်တွေသာမက လူလတ်ပိုင်းတွေရဲ့ရင်ထဲထိ အသဲစွဲအားပေးခဲ့ရတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ၊ အောင်မြင်မှုတွေနဲ့အတူ သာယာတဲ့မိသားစုဘ၀လေးကိုပါ တည်ဆောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း အိမ်ထောင်သက် ၁၅ နှစ်ပြည့်တော့မှာဖြစ်တဲ့ အဆိုတော် R ဇာနည်နဲ့ ဇနီးဖြစ်သူ ၀မ်း တို့ဟာ လက်ရှိမှာ သားလေးနှစ်ယောက်နဲ့အတူ ဘ၀နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေ ချစ်ခင်အားပေးကြရတဲ့ R ဇာနည်တို့မိသားစုဘ၀လေးထဲကို မိသားစုဝင်တစ်ယောက် ထပ်တိုးလာတော့မှာဖြစ်တဲ့အကြောင်းကို R ဇာနည်မှ သူရဲ့လူမှုကွန်ယက် ဖေ့စ်ဘွတ်အကောင့်ကနေ ကြေညာလိုက်ပါတယ်။

R ဇာနည်ပြောထားတာကတော့ “ပရိသတ်ကြီးကို ကျွန်တော်တို့ကြေညာစရာတစ်ခုရှိပါတယ်။ ကျွန်တော်တို့မိသားစုထဲကို မိသားစုဝင်သစ်တစ်ယောက်မကြာခင်ရောက်ရှိလာပါတော့မယ်။ အောက်တို ဘာ ၂၂ ထိမစောင့်နိုင်တော့ရင် ဘာများဖြစ်မလဲ ပြောပြကြည့်ပါဦး” ဆိုကာ ထပ်တိုးလာမယ့် မိသားစုဝင်က သားသားလေးဖြစ်မလား၊ မီးမီးလေးဖြစ်မလားဆိုတာကိုလဲ ခန့်မှန်းခိုင်းထားတာဖြစ်ပါတယ်။ ထိုပို့စ်လေးရဲ့အောက်မှာတော့ ခင်မင်သူအနုပညာရှင်တစ်ချို့နဲ့ ပရိသတ်တွေက ၀မ်းသာဂုဏ်ယူကြောင်း စကားလေးတွေဆိုထားတာကိုလဲ တွေ့ရပါတယ်။

R ဇာနည်ကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီး သားငယ်လေး ချစ်ချစ်တုံဟာဆိုရင် မကြာခင်ရက်ပိုင်းကမှ (၉) လပြည့်ခဲ့တာပဲဖြစ်ပါတယ်။ ဖခင်ကောင်းတစ်ယောက်အဖြစ် ကြိုးစားနေထိုင်နေသူ R ဇာနည်တစ်ယောက် ထပ်တိုးလာတော့မယ့် မိသားစုဝင်သစ်ကြောင့် အပျော်ကြီးပျော်နေတာလဲတွေ့ရပါတယ်။

 

 


16 Oct 2018     1,741 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS