BEC-TERO TV

ချစ်သက်တမ်း ၇ နှစ် ၇လ ၇ ရက်ပြည့်သွားပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ

17 Oct 2018     1,641 Views


အဆိုတော် ကျော်ထွဋ်ဆွေကတော့ Rap သီချင်းသံစဉ်တွေကို အမိုက်စားသီဆိုကာ ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို ခံထားရတဲ့အဆိုတော်တစ်ယောက်ဖြစ်သလို မော်ဒယ်သရုပ်ဆောင် နန်းသူဇာဟာဆိုရင်လဲ ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ချောမောလှပသူလေးပဲဖြစ်ပါတယ်။ ကိုယ်စီအနုပညာနယ်ပယ်ထဲမှာ အောင်မြင်မှုတွေကို ရရှိထားကြသူများဖြစ်ပြီး ဂီတပိုင်းမှာလဲ နှစ်ယောက်အတူတွဲကာ သီချင်းများကို ပေါင်းစပ်ဖန်တီးလျက်ရှိပါတယ်။

အနုပညာလောကသားတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခံရသလို သဘောတူချစ်ခင်ကြရတဲ့ စုံတွဲလေးလဲဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ပေါင်းစပ်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ ဒီနေ့လေးမှာဆိုရင် (၇) နှစ် (၇)လ (၇) ရက်ပြည့်သွားပြီပဲဖြစ်ပါတယ်။

အချစ်ရဲ့အထိန်းအမှတ်နေ့လေးမှာတော့ ကျော်ထွဋ်ဆွေက စုံတွဲအမှတ်တရပုံလေးတွေကိုတင်ရင်း အမှတ်တရစာသားလေးကိုပါ ရေးကာသူ့ရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားတာကိုတွေ့ရပါတယ်။ နှစ်ပေါင်းများစွာတိုင် မပြောင်းလဲပဲ ခိုင်မာတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကိုတော့ ပရိသတ်တွေက အားကျလို့နေကြတာလဲဖြစ်ပါတယ်။ (၇) နှစ်ကျော်လွန်ကာ (၈) နှစ်ပြည့်တော့မယ့် ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့နှစ်ယောက်လဲ ဒီ့ထက်မက ချစ်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....


17 Oct 2018     1,641 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment