BEC-TERO TV

အမှုန်အမွှားများဝင်၍ဖြစ်သောနှာစေချောင်းဆိုးရောဂါအကြောင်း

05 Aug 2015     1,507 Views


ဒီရောဂါဟာနှာခေါင်းအမြှေးပါးတွေရောင်ရမ်းပြီးဖြစ်သောရောဂါတစ်ခုဖြစ်ပါတယ်။ဥပမာ အားဖြင့်အရမ်းအေးတဲ့ရာသီဥတုမှာ နှာခေါင်းတွေပိတ်ပြီးတော့ဖြစ်တဲ့ရောဂါလို့လည်းပြောလို့ရပါတယ်။တစ်ခါတစ်လေမှာရာသီဥတုနဲ့လည်းဆက်စပ်နေပါတယ်။တစ်ခါတစ်လေမှာတစ်နှစ်တာကာလပတ်လုံးဖြစ်နေတာမျိုးလည်းရှိပါတယ်။
 
အဲဒီလိုဖြစ်လာတဲ့အခါမှာဆိုရင်နှာခေါင်းယားတယ်၊နှာမွန်တယ်၊နှာချေတယ်၊နှာရည်ယိုတယ်စတာတွေဖြစ်တက်ပါတယ် သို့သော်သူကအဖျားမရှိပါဘူး။ရောဂါလက္ခဏာတွေကတော့ နှာခေါင်းယားမယ် ထိုမှတစ်ဆင့် ချောင်းဆိုးမယ်၊ မျက်လုံးကိုက်တယ်၊ကိုယ်လက်ကိုက်ခဲမယ်၊မျက်လုံးတွေနီလာမယ် စတဲ့လက္ခဏာတွေဖြစ်တက်ပါတယ်။နှာခေါင်းထဲကို ဓာတ်မတည့်တဲ့ပစ္စည်းတွေဝင်ရောက်ခြင်းကြောင့်ဖြစ်ပါတယ်။
 
ဒီရောဂါကနေတစ်ဆင့် ထိပ်ခပ်နာဖြစ်တတ်တယ်။ဓာတ်မတည့်တဲ့ပစ္စည်းတွေကြောင့် ပန်းနာရင်ကြပ်လည်းဖြစ်တက်ပါတယ်။ဓာတ်မတည့်တဲ့ပစ္စည်းတွနဲ့ရှောင်ရှားပြီးနေသင့်တယ်၊သောက်ဆေးတွေသောက်လို့ရပါတယ်။ကြိုတင်ကာကွယ်လို့တော့မရပါဘူး။ ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။

05 Aug 2015     1,507 Views




RELATED

Most Popular of Health Fix

Most Popular of Life Style