BEC-TERO TV

ကိုယ်တိုင်ပါဝင်ကာ ဘုရားဒါယိကာအဖြစ် ကုသိုလ်ယူခဲ့တဲ့ ဖြိုးမြတ်အောင်

17 Oct 2018     1,553 Views


မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးရဲ့ winner တစ်ယောက်ဖြစ်သူ ဖြိုးမြတ်အောင်ကတော့ အရည်အချင်းပြည့်ဝတဲ့ ပါရမီရှင်အဆိုတော်တစ်ယောက်ဖြစ်သလို စိတ်ထားဖြူစင်ကာ ပွင့်လင်းရိုးသားသူတစ်ယောက်ဖြစ်ပါတယ်။ မိဘအပေါ်သိတတ်လိမ္မာသလို စိတ်ထားကောင်းလေးရှိသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတစ်ခဲနက်ချစ်ခင်အားပေးနေကြရတာပဲဖြစ်ပါတယ်။ ရိုးသားကြိုးစားကာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာတွေကိုပါ ရရှိပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်ကတော့ အလှူအတန်းကုသိုလ်ပြုလုပ်ရာမှာလဲ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပါတယ်။

ရောက်လေရာအရပ်မှာ ကုသိုလ်ပြုတတ်တဲ့ ဖြိုးမြတ်အောင်တစ်ယောက် ယခုလဲ ကိုးန၀င်းဘုရားတည်ဆောက်တဲ့နေရာမှာ ဘုရားဒါယိကာအဖြစ် ပါဝင်ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်တိုင်ပါဝင်ကုသိုလ်ယူရင်း အလှူငွေများလဲထည့်ဝင်လှူဒါန်းခဲ့ကြောင်းကို သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလိုပဲရေးသားထားတာဖြစ်ပါတယ်။

“ဒီနေ့ ဘုရားဒါယိကာ လုပ်ပြီး ကုသိုလ်ယူခဲ့ပါတယ် အလှူငွေလည်း လှူဒါန်းခဲ့ပါတယ်ခင်ဗျ။ အားလုံးကိုချစ်ပါတယ်နော်” ဆိုပြီးရေးသားကာ ပါဝင်ကုသလိုလ်ယူနေတဲ့ ပုံရိပ်များကိုပါမျှဝေထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေကတော့ ဖြိုးမြတ်အောင်ရဲ့အလှူအတွက် သာဓုခေါ်မဆုံးဖြစ်လို့နေပါတယ်။ ဖြိုးမြတ်အောင်ကတော့ လက်ရှိမှာ ပွဲတွေဖျော်ဖြေရင်း ကြော်ငြာတွေပါရိုက်ကူးကာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်လျက်ရှိပါတယ်။


17 Oct 2018     1,553 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment