BEC-TERO TV

မျက်စိခြောက်သွေ့ခြင်းရောဂါဆိုတာ ဘာလဲ…❓

05 Aug 2015     1,706 Views


မျက်စိခြောက်သွေ့ခြင်းရောဂါက မျက်စိမှာတစ်ခါတစ်ရံ မှုန်ဝါးလာတက်တယ်၊ ယားယံလာတက်တယ်၊ မျက်တောင် ခနခနပုတ်ခတ်ရတာမျိုးတွေရှိတယ်၊ အမှုန်ဝင်သလိုမျိုး ခံစားရတယ်ဆိုရင်တော့ ဒီလက္ခဏာတွေက မျက်စိခြောက်သွေ့လို့ပဲဖြစ်ပါတယ်။ မျက်စိခြောက်သွေ့တာဟာ မျက်ရည်လုံလောက်စွာမထွက်သောက်ကြောင့် ဖြစ်ပါတယ်။

လုံလောက်တဲ့ မျက်ရည်ပမာဏကိုရရှိမယ်၊ စိုစွတ်မှုရှိနေမယ်ဆိုရင် ကြည်လင်ပြတ်သားမှုကိုရရှိနိုင်ပါတယ်။ မျက်ရည်မှာဆိုရင် အဆီ၊ ပျစ်ချွဲတဲ့အရည်နဲ့ အရည်ဓာတ်တွေပါဝင်ပါတယ်။ ပါဝင်မှု(၃)မျိုးမှ တစ်ခုခုချို့ယွင်းမယ်ဆိုရင် မျက်စိခြောက်သွေ့တာမျိူးဖြစ်တက်ပါတယ်။

မျက်စိခြောက်သွေ့တဲ့ပြဿနာဟာ ကျား ၊ မ မရွေးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ မျက်စိအားနည်းတဲ့သူတွေဟာ မျက်မှန် သို့မဟုတ် မျက်ကပ်မှန်တပ်တဲ့အခါမှာ ကိုယ်နဲ့မသင့်တော်တဲ့ပါဝါမျိုး ၊ မသင့်တော်တဲ့မျက်ကပ်မှန်မျိုး တပ်မိတဲ့အခါမျိုးတွေမှာလည်း မျက်စိခြောက်ခြင်းရောဂါ ဖြစ်တတ်ပါတယ်။

မျက်ကြည်လွှာခွဲစိတ်ခံထားရဖူးတဲ့သူတွေနဲ့ မျက်နှာတစ်ခြမ်း အကြောသေနေတဲ့သူမျိုးတွေမှာလည်း မျက်စိခြောက်သွေ့တာတွေ ဖြစ်တက်ပါတယ်။ ကွန်ပျူတာအရမ်းကြည့်ရတဲ့သူတွေ၊ ဂဟေဆော်တဲ့နေရာမှ ာအလုပ်လုပ်ရတဲ့သူတွေမှာလည်း ဒီရောဂါကိုခံစားရနိုင်ပါတယ်။

ဒီရောဂါဖြစ်လာပြီဆိုရင်တော့ မျက်လုံးကိုအားပြန်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ မျက်ရည်တုကို မျက်စင်းအနေနဲ့ခပ်ပေးခြင်းအားဖြင့်လည်း မျက်စိခြောက်သွေ့မှုကိုဖြေဖျောက်နိုင်ပါတယ်။ မျက်လုံးကိုအားပြန်ဖြည့်ပေးဖို့အတွက်ဆိုရင် အိပ်ရေး၀၀အိပ်စက်အနားယူပေးဖို့လိုအပ်ပါတယ်။ အဝေးကိုအာရုံစူးစိုက်ပြီး ခဏကြည့်ပေးတာမျိုးကလည်း မျက်စိကိုအားဖြည့်ပေးရာရောက်ပါတယ်။ တစ်မိနစ်မှာအကြိမ် ၂၀လောက်မျက်တောင်ခပ်ပေးမယ်ဆိုရင်လည်း မျက်စိကိုအနားပေးတဲ့သဘောပဲဖြစ်ပါတယ်။

ရေစိုနေတဲ့အဝတ်စလေးကို မျက်စိပေါ်မှာမိနစ် ၂၀ ခန့်လောက် ထားထားပေးမယ်ဆိုရင်လည်း မျက်စိအေးမြစေပါတယ်။ VITAMIN A ကြွယ်ဝတဲ့ အစားအစာတွေက မျက်လုံးကိုအားဖြည့်ပေးတဲ့နေရာမှ ာအကောင်းဆုံးဖြစ်ပါတယ်။ ပဲအမျိုးမျိုး၊ တူနာငါး၊ ဆယ်မွန်ငါးတွေက အိုမီကာ 3 ဖက်တီအက်စစ်ပါတဲ့အတွက်ကြောင့် မျက်စိကိုအားပြန်ဖြည့်ဖို့အကောင်းဆုံးအစားအစာတွေဖြစ်ပါတယ်။

DRY EYES ကို အက​ောင်းဆုံး ကာကွယ်နိုင်တဲ့နည်းလမ်းကတော့ လုံလောက်တဲ့ အိပ်စက်ချိန်ပမာဏကိုရယူပြီးတော့ ကောင်းကောင်းအနားယူပေးတာဟာ မျက်လုံးကိုအားပြန်ဖြည့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။


05 Aug 2015     1,706 Views




RELATED

Most Popular of Health Fix

Most Popular of Life Style