အကောင့်အတုကို သတိပေးလိုက်တဲ့ “အာဇာနည်”
18 Oct 2018 1,542 Views

နိုင်ငံကျော်အဆိုတော် “အာဇာနည်” က လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်တွင် “R Zar Ni” အမည်ဖြင့် ဖွင့်ထားသော အကောင့်မှာ သူ၏အကောင့် အစစ်မဟုတ်ကြောင်း ပရိသတ်တွေကို သတိပေးလိုက်ပါတယ်။

အဆိုပါ “R Zar Ni” အကောင့်မှ သူ့ရဲ့ပရိသတ်အချို့ကို မက်ဆေ့မှတစ်ဆင့် စကားတွေပြောနေကြောင်း သိရတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ပေါ်စေရန် ပရိသတ်များကို “အာဇာနည်” ရဲ့ တရားဝင်အကောင့်ဖြစ်တဲ့ “Zarni Myonyunt” အကောင့်မှ နေ၍ စခရင်ရှော့နဲ့တစ်ကွ ဖော်ပြထားကြောင်း သိရှိရသည်။







