ကမ်းခြေကအမိုက်စား အလွင့်ပုံရိပ်လေးတွေတင်လိုက်တဲ့ နေခြည်ဦး
18 Oct 2018 1,853 Views

Chi Chi ရယ်လို့ချစ်စနိုးလေးခေါ်ကြတဲ့ Beauty blogger နေခြည်ဦးကတော့ အမြဲတက်ကြွလန်းဆန်းနေသူတစ်ယောက်ဖြစ်ပြီး သူမကိုယ်သူမယုံကြည်မှုအပြည့်ကာ စိတ်ဓာတ်ခိုင်မာသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဘယ်လိုဝေဖန်တိုက်ခိုက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သူမရွေးချယ်ထားတဲ့လမ်းကိုသာ အကောင်းဆုံးလျှောက်လှမ်းနေသူလဲဖြစ်ပါတယ်။ သူမရဲ့လှုပ်ရှားမှုတိုင်းကို အဆက်မပြတ်အောင် လူမှုကွန်ယက်ကနေ မျှဝေပေးလေ့ရှိတဲ့ ခြည်ခြည်က လက်ရှိမှာတော့ ငပလီကမ်းခြေမှာ ရုပ်ရှင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။
.jpg)

ရှုတင်အားလပ်တဲ့အချိန်မှာတော့ ကမ်းခြေမှာအပန်းဖြေရင်း ထိမိနေအောင်လှလွန်းတဲ့ အမိုက်စားပုံရိပ်တွေကိုပါ ရိုက်ကူးကာ လူမှုကွန်ယက်အကောင့်ကနေ မျှဝေလိုက်ပါတယ်။ သူမရဲ့အရမ်းလန်းတဲ့ ပုံရိပ်တွေကတော့ ကြည့်မိသူတိုင်းကို မှင်သက်သွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ ငပလီသောင်ယံထက်က ညှို့အားပြင်းတဲ့အလှနဲ့ နေခြည်ဦးရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်...









