BEC-TERO TV

ဦးဇင်းနေတိုးဆီ သွားရောက်ကြည်ညိုကန်တော့ခဲ့ကြတဲ့ အနုပညာရှင်များ

18 Oct 2018     2,526 Views


မြန်နိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ နေတိုးကတော့ ဇာတ်ရုပ်များစွာကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သလို ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကို အများဆုံးရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ချောမောသန့်ပြန့်လွန်းသူတစ်ယောက်ဖြစ်ပြီး အနေအထိုင်အေးဆေးတည်ငြိမ်သူလဲဖြစ်ပါတယ်။

နေတိုးကတော့ လက်ရှိမှာ သာသနာ့ဘောင်ထဲကို ၀င်ရောက်နေတာပဲဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ညီငယ်ဖြစ်သူမင်းသွေးအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုတဲ့အနေနဲ့ အောက်တိုဘာလ (၁၅)ရက်နေ့နံနက်ပိုင်းက မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ရဟန်းဝတ်ခဲ့တာဖြစ်ပါတယ်။ နေတိုးနဲ့အတူ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကလဲ မင်းသွေးအတွက်ရည်စူးကာ ရဟန်းဝတ်ခဲ့ပြီး ၅ ရက်တာ သာသနာ့ဘောင်ထဲဝင်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ကြည်ညိုစရာကောင်းတဲ့  ဦးပဉ္ဇင်းစန္ဒီမာ နဲ့ ဦးပဉ္ဇင်း ကုမာရတို့ဆီကို အနုပညာရှင် ညီအစ်ကိုမောင်နှမများကလဲ သွားရောက်ကြည်ညိုကာ ကန်တော့ခဲ့ကြပါတယ်။ နှင်းဆီအဖွဲ့ဝင်များဖြစ်တဲ့ ရဲလေးနဲ့ မင်းမော်ကွန်းအပါအ၀င် သားစိုး၊ မအေးသောင်းတို့က ကြည်ညိုကန်တော့ခဲ့တာဖြစ်ပါတယ်။ ဦးဇင်းတွေဆီသွားရောက်ကြည်ညိုခဲ့တဲ့ အနုပညာရှင်တွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။


18 Oct 2018     2,526 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment