BEC-TERO TV

ရိုက်ကွင်းတစ်ခုမှာ အပြိုင်အဆိုင်လှနေခဲ့ကြတဲ့ မိုးဟေကိုနဲ့ မေမြင့်မိုရ်

19 Oct 2018     1,978 Views


ရုပ်ရှင်သရုပ်ဆောင် မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲများရိုက်ကူးရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားသူဖြစ်ပါတယ်။ လူငယ်သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် ပိုင်နိုင်လွန်းလှတဲ့ သူမရဲ့အနုပညာအရည်အချင်းတွေကြောင့် ပရိသတ်တွေက အသိအမှတ်ပြုအားပေးခဲ့ကြတာဖြစ်ပြီး ချောမောလှပသူလေးဖြစ်တာကြောင့်လဲ သဲသဲလှုပ်ချစ်နေကြရသူတစ်ဦးဖြစ်ပါတယ်…

အောင်မြင်မှုတွေကို တစ်စထက်တစ်စပိုမိုရရှိလာတဲ့ မေမြင့်မိုရ်ကတော့ လတ်တလောမှာ ရုပ်ရှင်ကားတွေ ကြော်ငြာတွေကိုရိုက်ကူးရင်း အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သူမဟာ ကြော်ငြာတစ်ခုရိုက်ကူးရာမှာတော့ သရုပ်ဆောင်မင်းသမီး မိုးဟေကိုနဲ့အတူ ထိပ်တိုက်တွေ့ဆုံရိုက်ကူးခဲ့တာဖြစ်ပြီး  “ချစ်ရသော မမမိုးနဲ့အတူ” ဆိုတဲ့ စာသားလေးရေးကာ ပုံရိပ်လေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ တစ်ယောက်အလှတစ်မျိုးစီနဲ့ အပြိုင်အဆိုင်လှနေကြတဲ့ မေမြင့်မိုရ်နဲ့ မိုးဟေကိုတို့ရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်….


19 Oct 2018     1,978 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment