BEC-TERO TV

အရက်နာကျခြင်းကိုကာကွယ်နည်းများ

05 Aug 2015     1,413 Views


(၁) အရောင်ဖျော့ဖျော့ကိုသောက်ပေးပါ။မကြာသေးခင်ကလေ့လာတွေ့ရှိချက်အရ WHISKY၊ RUM ၊ BARANDYလိုမျိုးအရောင်ရင့်တဲ့အရက်တွေက အဖြူရောင် ၀ိုင်ရယ် ၊ ဗော်ကာ တို့လိုမျိုးအရောင်ဖျော့တဲ့ အရက်တွေထက်ALCOHOL  ပါဝင်မှုများတဲ့အတွက်ကြောင့်အရက်နာကျမှုဝေဒနာကိုပိုပြီးတော့ဖြစ်ပေါ်စေပါတယ်။ထို့တွက်ကြောင့်အရက်နာကျတဲ့ဝေဒနာမခံစားချင်သူတွေအနေနဲ့ အရောင်ဖျော့တဲ့အရက်ကိုသောက်သုံးသင့်ပါတယ်။

(၂) ရေနဲ့ အရက်ကို တစ်လှည့်စီသောက်ပေးပါ။ ပါတီပွဲတွေပဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ သွားတွေတာပဲဖြစ်ဖြစ်နောက်တစ်နေ့မှာ အရက်နာကျတာမဖြစ်အောင် အရက်နဲ့ ရေ တစ်ခွက်ခြားသောက်ပေးရပါမယ်။ဒီလိုပြုလုပ်ပေးမယ်ဆိုရင် ကိုယ်ရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်ပေးရာလည်းရောက်တယ် ၊ ကိုယ့်ရဲ့အသည်းကိုလည်းအရက်ရဲ့ဒဏ်ပိမှုမှလည်းကာကွယ်ပေးနိုင်ပါတယ်။

(၃) အရည်သွေးကောင်းတဲ့အမျိုးအစားကိုသုံးပေးရပါမယ်။ဈေးပေါတဲ့အရက်အမျိုးအစားမှာဆိုရင်အဆိပ်အတောက်ဖြစ်စေတာတွေပါဝင်တက်တဲ့အတွက်ကြောင့်အသည်းအနေနဲ့ သူ့ရဲ့လုပ်ငန်းဆောင်တာတွေပိုပြီးတော့လုပ်ရတဲ့အတွက်ကြောင့် ဒဏ်တွေပိလာတယ် ၊ အရက်နာကျတဲ့ဝေဒနာတွေပိုပြီးတော့ဆိုးရွားစေနိုင်တယ်။အဲ့တွက်ကြောင့်အရည်သွေးကောင်းတဲ့ အမျိုးအစားကို ရွေးချယ်ပြီးတော့အသုံးပြုတဲ့အခါမှာဆိုရင် ဈေးကြီးတဲ့အတွက်ကြောင့် အရက်သောက်တဲ့ပမာဏလည်းနည်းသွားပါလိမ့်မယ်။

(၄) ရေများများရောပေးပါ။ ရေမရောပဲသောက်တဲ့အခါ အသည်းကနောက်ပိုင်းမှာဒဏ်မခံနိုင်ပဲ  ဆိုးကျိုးတွေအများကြီးဖြစ်လာတာကိုတွေ့ရပါတယ်။ အဲ့တာကြောင့်ရေများများရောပြီးသောက်ပေးရပါမယ်။အရက်သောက်တဲ့အတွက်ကြောင့်ဖြစ်ပေါ်တဲ့ခန္ဓာကိုယ်တွင်းမှာရေဓာတ်ဆုံးရှုံးကြောင့်အရက်နာကျတဲ့ဝေဒနာတွေကိုပိုပြီးတော့ခံစားရနိုင်တယ်။ ထို့တွက်အရက်သောက်တဲ့အခါမှာရေများများရောသောက်ပြီးတော့ညအိပ်ရာမ၀င်တဲ့အခါမှာလည်းရေ(၂)ခွက်လောက်သောက်ထားပါ။အဲ့လိုပြုလုပ်တဲ့အတွက်ကြောင့်အရက်နာကျတာကိုကြိုပြီးကာကွယ်ရာရောက်ပါတယ်။

(၅) မုန်လာဥနီဖျော်ရည်သောက်ပေးပါ။ အရက်သောက်တဲ့အခါမှာရရှိခဲ့တဲ့အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် မုန်လာဥနီ ၊ ပန်းသီး ၊ တရုတ်နံနံ၊ မုန်လာဥ၀ါ ၊ ဂျင်းနဲ့ ရောစပ်ထားတဲ့ဖျော်ရည်ကိုသောက်သုံးပေးရမယ်။ တရုတ်နံနံမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံက ဆေးလိပ်အငွေ့တွေရဲ့ဆိုးကျိုးတွေကိုပျက်ပြယ်စေနိုင်တယ်။  ဂျင်းက ပျို.အန်ချင်တာတွေ ၊ ဗိုက်အောင့်တာတွေ ကိုသက်သာစေနိုင်ပါတယ်။

(၆) ပျားရည်သောက်ပေးပါ။ အရက်မသောက်ခင်မှာ  GRATE FRUIT အသီးဖျော်ရည်တစ်ခွက်(သို့)ပျားရည်သောက်ပေးပါ။  GRATE FRUITTအသီးကအသည်းကို အားတိုးဆေးအဖြစ်ပြုလုပ်ပေးပြီး ပျားရည်က ခန္ဓာကိုယ်တွင်းရောက်ရှိနေတဲ့ ALCOHOL  လောင်ကျွမ်းဖို့တွက်ကိုကူညီပေးပါတယ်။

(၇) ကော်ဖီမသောက်ပါနဲ့။ ကော်ဖီကဆီးရွှင်စေတဲ့ဂုဏ်သတ္တိရှိတဲ့တွက်ကြောင့် ခန္ဓာကိုယ်မှာရေနဲ့အတူအာဟာရဓာတ်တွေပါ ထွက်သွားနိုင်ပါတယ်။ အရက်သောက်ပြီးနောက်မနက်မှာဆိုရင် ရေ ၊ အားကစားဖျော်ရည် တစ်ခုခုသောက်သုံးပေးမယ်ဆိုရင် ကိုယ်ဆုံးရှုံးသွားတဲ့ဓာတ်ဆားဓာတ်တွေကိုပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။

(၈) လက်ညိုးနဲ့ လက်မကြား ဖိနှိပ်ပေးပါ။ အရက်နာကျလို့ပျို့အန်ချင်နေတဲ့အခါမှာ ဝေဒနာသက်သာဖို့တွက်လက်ညိုးနဲ့ လက်မကြားရှိ အသားစိုင်နေရာကိုဖိနှိပ်ပေးထားပါ။ ထိုနည်းဖြင့်လည်းသက်သာစေနိုင်ပါတယ်။

(၉) ရေခဲတင်ပေးပါ။ အရက်နာကျလို့ခေါင်းကိုက်တာမျိုးဖြစ်တဲ့အခါမှာဆိုရင် ဦးခေါင်းနဲ့ မျက်ခွံနေရာတွေမှာရေခဲကပ်ပေးပါ။ဒီနည်းဖြင့်လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၁၀) အစာနဲ့တွဲသောက်ပေးပါ။ အစာမရှိပဲအရက်သောက်တဲ့အခါမှာဆိုရင် သွေးတွင်းမှာရှိတဲ့သကြားဓာတ်တွေကိုအများကြီးကျဆင်းသွားနိုင်တယ်။ အရက်နာကျတဲ့ဝေဒနာ ၊ ခေါင်းမူးတဲ့ဝေဒနာ ၊ ပိုပြီးအရက်မူးတဲ့ဝေဒနာ တွေပိုပြီးတော့ခံစားရစေနိုင်တယ်။ အဲ့တွက်ကြောင့်အစာခံပြီးမှအရက်သောက်ပေးပါ။ထိုအချက်တွေကိုလိုက်နာပြီးပြုလုပ်ခြင်းဖြင့်အရက်နာကျခြင်းကိုကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။


05 Aug 2015     1,413 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style