အဲရစ် ဒိုင်ယာကို မျက်စိကျလာတဲ့ ဘာစီလိုနာ
22 Oct 2018 1,767 Views

ဘာစီလိုနာအသင်းဟာ တော့တင်ဟမ် ကွင်းလည်ခံစစ်ကစားသမား အဲရစ် ဒိုင်ယာကို ခေါ်ယူရရန်မျက်စိကျနေကြာင်း The Sun က ဖော်ပြထားပါတယ်။ ဒိုင်ယာ ဟာ တော့တင်ဟမ် အသင်းတွင် ခြေစွမ်းပြကစားနေပြီး အင်္ဂလန် အသင်းအတွက်လည်း အကောင်းဆုံး ကစားပြထားနိုင်ခဲ့ပါတယ်။
စပိန်အသင်းနှင့် အင်္ဂလန် အသင်းတို့ ခြေစမ်းပွဲတွင် ဒိုင်ယာဟာ ရီးရဲမက်ထရစ် နောက်ခံဘီလူးကြီး ရာမိုစ့်ကို ဖြတ်ထုတ်ပုံကို ဘာစီလိုနာ ပရိတ်သတ်တွေက သဘောကျနေကြပါတယ်။

ဘာစီလိုနာအသင်း ဟာ စနေ့နေ့ကစားခဲ့တဲ့ ဆီဗီလာ အသင်းနှင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပေမဲ့ အဓိက ကစားသမား မက်စီ အရိုးကျိုးဒဏ်ရာ ရရှိခဲပြီး သီတင်း ၃ ပါတ်ခန့်အနားယူရနိုင်သောကြောင့် ဘာစီလိုနာ ပရိတ်သတ်တွေအတွက် သတင်းဆိုးလို့ ဆိုရပါမယ်။






