ရေရောတာထက်ဆိုးတဲ့ နွားနို့အတု သတိပြုကြပါ
22 Oct 2018 1,763 Views

မကြာသေးမီနာရီပိုင်းအတွင်းကပင် နွားနို့အတု လုပ်သောရုပ်သံထွက်ပေါ်လာခဲ့ပြီးနောက် မလေးရှားနိုင်ငံ ကျန်းမာရေးအဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သူက နိုင်ငံအတွင်းနွားနို့ရောင်းချသော ဆိုင်များတွင် အတတ်နိုင်ဆုံး နွားနို့အတု၊ အစစ် ခွဲခြားစစ်ဆေးရန် ညွှန်ကြားလိုက်သည်။
အဆိုပါ ရုပ်သံမှာ အိန္ဒိယနိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အရည်ဟု တိတိကျကျ ဖော်ပြနိုင်ခြင်းမရှိသော အညိုရောင်အရည် တစ်မျိုးထဲသို့ ရေသန့်ရောစပ်လိုက်ရာ နွားနို့နှင့် ခွဲခြားရန်ခက်ခဲသော နွားနို့အတု ဖြစ်လာသည်ကို တွေ့ခဲ့ရသည်။
ရုပ်သံပါပြောကြားချက်အရ အတုပြုလုပ်ထားသော နွားနို့များကို အိန္ဒိယနိုင်ငံ၏ ဈေးကွက်တွင်းသာမက မလေးရှားနိုင်ငံသို့လည်း တင်ပို့ခဲ့ကြောင်း ဖော်ပြထားသဖြင့် မလေးရှားကျန်မာရေးဌါနက နိုင်ငံတစ်ဝန်းရှိ နွားနို့နှင့်ပြုလုပ်သော အစားအစာများ (အထူးသဖြင့် မွတ်ဆလင် စားသောက်ဆိုင်များ) ကို ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။








