BEC-TERO TV

အမူးလွန်ပြီး ဗို့အားပြင်းတဲ့ ဓါတ်ကြိုးတန်းပေါ် လမ်းတက်လျှောက်သူ (ရုပ်သံ)

26 Oct 2018     1,560 Views


ဝိုင်အရက်သောက်ကာ အမူးလွန်ပြီး ဓါတ်တိုင်ပေါ်တက်ကာ ဗို့အားပြင်းလွန်းတဲ့ ဓါတ်ကြိုးပေါ်မှာ လူတစ်ယောက်လမ်းလျှောက်ခဲ့တဲ့ အဖြစ်ပျက်တစ်ခု တရုပ်နိုင်ငံ ဟူဘေမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဓါတ်တိုင်ပေါ်တက်ပြီး ဓါတ်ကြိုးပေါ်မှာတောင် လမ်းလျှောက်တယ်ဆိုတော့ မူးနေတာမှ ဟုတ်ရဲလားလို့ သံသယရှိမယ်ဆိုရင်လည်း မမှားပါဘူး။ ဒီအဖြစ်ပျက်ကို တွေ့တဲ့သူတွေက လျှပ်စစ်ဌါနကို အကြောင်းကြားခဲ့တဲ့အတွက် အန္တရာယ်မဖြစ်အောင် ဓာတ်ကြိုးတွေကို လျှပ်စစ်ဓါတ်အား ခေတ္တဖြတ်တောက်ခဲ့ပါတယ်။

အဲဒီနောက် မီးသတ်ကယ်ဆေယ်ရေးအဖွဲ့တွေ ရောက်လာပြီး မည်သည့်အန္တရာယ်မှ မဖြစ်မီ အထိအခိုက်ကင်းစွာနဲ့ ပြန်လည်ကယ်ဆယ်ခဲ့ပြီး ရဲလက်ကို အပ်ခဲ့ပါတယ်။ ရဲတွေရဲ့ စုံစမ်းစစဆေးချက်အရ အဆိုပါအမျိုးသားဟာ ဝိုင်အရက်တွေ အလွန်အကျွံသောက်ပြီးနောက် မိုက်ရှုးရဲဆန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။


26 Oct 2018     1,560 Views




RELATED

Most Popular of Special or Others

Most Popular of NEWS