BEC-TERO TV

အမျိုးသမီးတစ်ဦးဓါးကိုင်သောင်းကျန်း မူကြိုကလေး ၁၄ ယောက် ဒဏ်ရာရရှိ (ရုပ်သံ)

26 Oct 2018     1,333 Views


အောက်တိုဘာလ ၂၆ ရက် ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က တရုပ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းစီရင်စုတွင် အမျိုးသမီးတစ်ဦး ဓါးကိုင်ကာ လမ်းမပေါ်တွင် သောင်းကျန်းခဲ့သဖြင့် မူကြိုကလေး ၁၄ ဦး ဓါးဒဏ်ရာများ ရရှိခဲ့သည်။

အသက် ၃၉ နှစ်အရွယ် အမျိုးသမီးက မူကြိုကလေးများ နံနက်ပိုင်း ကိုယ်လက်လှုပ်ရှားမှုသင်ခန်းစာ ပြီးဆီးလို့ စာသင်ခန်းကို ပြန်ချိန်တွင် မီးဖိုဆောင်သုံး ဓါးတစ်ချောင်းနဲ့ လိုက်လံဝှေးရမ်းခဲ့သဖြင့် ကလေးများ ဓါးနဲ့မွှမ်းခံရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း ချောင်ကွင်းမြို့ လုံခြုံရေးအာဏာပိုင် လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ် ရုပ်သံနှင့် ဓါတ်ပုံများ လူမှုကွန်ယက်ပေါ်ကို ပျံ့နှံ့ခဲ့ပြီး သွေးများရွှဲနေသည့် ဒဏ်ရာရထားသော ကလေးများကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရသည်။ အချိုးကလေးများ မျက်နှာမှာ ဒဏ်ရာရရှိပြီး ကျောင်းကနေ ထိတ်လန့်တကြား ထွက်ပြေးနေကြတာကိုလည်း ရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ် ရုပ်သံတစ်ခုမှာတော့ ကျောင်းသားကလေးမိဘများက ရဲများ ဖမ်းဆီးခံထားရတဲ့ တိုက်ခိုက်သူ အမျိုးသမီးကို ဝိုင်းဝန်းရိုက်နှက်နေကြပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး ဘာအကြောင်းကြောင့် အခုလို ကလေးတွေကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ရတာလည်းဆိုတာကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။


26 Oct 2018     1,333 Views




RELATED

Most Popular of International News

Most Popular of NEWS