လတ်စတာစီးတီး အသင်းပိုင်ရှင် ထိုင်းလူမျိုး ဘီလီလျံနာ ဗီချိုင်းဆီရီဗတ်ပရာဘာ ပိုင်ဆိုင်သည့် ဟယ်ရီကော်ပရာ မီးလောင် ပျက်ကျ
28 Oct 2018 1,757 Views

လတ်စတာစီးတီး အသင်းပိုင်ရှင် ထိုင်းလူမျိုး ဗီချိုင်းဆီရီဗတ်ပရာဘာ ပိုင်ဆိုင်သည့် ဟယ်ရီကော်ပရာ သည် လတ်စတာနှင့် ဝက်စ်ဟမ်း အသင်းတို့ ကစားအပြီး တွင် King Power အနီးအနားတွင် ပျက်ကျကြောင်းသိရသည်။ ဗီချိုင်း ပိုင်ဆိုင်သည့် ဟယ်ရီကော်ပရာမှာ ပွဲအပြီး ကားပါကင်အနီးနား ဒေသစံတော်ချိန် ၈ နာရီ ၃၀ မိနစ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကို မျက်မြင်တွေရှိသူများက ဟယ်ရီကော်ပရာ က စက်ပျက်စီး ချို့ယွင်း၍ ထိန်းချုပ်မရဘဲ မီးလောင် ပျက်ကျ ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဟယ်ရီကော်ပရာ ပျက်ကျသည့် အနီအနား ရှိလူများမှာ ထိတ်လှန်၍ အဝေး သို ထွက်ပြေးခဲ့ကြောင့် SKY SPORT ကဖော်ပြထားပါတယ်။
ထိုင်း ဘီလီလျံနာ ဗီချိုင်းမှာ လတ်စတာစီတီး နှင့် ဝက်ဟမ်း (၁-၁)ပွဲစဉ်ကို လာရောက်ကြည့်ရူခဲ့ခြင်ဖြစ်ပြီး ဗီချိုင်းပါ မပါကိုတော့ သတင်းအတိအကျ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး ။

ဟယ်ရီကော်ပရာ Augusta Westland – 169 က ပေါင် ၂သန်းခန့် တန်ဖိုးရှိကြောင်းလည်း သိရပါတယ်။လတ်စတာဒေသမှ ရဲများက ဟယ်ရီကော်ပရာ ပျက်ကျ မှုနှင့် ပါတ်သတ်ပြီး စုံစမ်း စစ်ဆေးနေကြာင်း သိရပါတယ် ။






