BEC-TERO TV

BREAKING NEWS: Lion Air လေယာဉ်ပျံတက်ပြီး မိနစ်ပိုင်းအတွင်းပျက်ကျ

29 Oct 2018     1,286 Views


အင်ဒိုနီးရှား ဘတ်ဂျက်လေကြောင်းလိုင်း Lion Air မှ ခရီးသည်တင်လေယာဉ်တစ်စီး အောက်တိုဘာလ ၂၈ ရက် တနင်္ဂနွေနေ့ က အင်ဒိုနီးရှား အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံသန်းထွက်ခွာပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲပျံသန်းနေသည့် လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆိုကာနိုလေဆိပ်မှ ပျံတက်ပြီး မိနစ်ပိုင်းအတွင်းမှာ ဂျာဗားပင်လယ်ထဲသို့ ပျက်ကျခဲ့သည်။ ကယ်ဆယ်ရေးအရာရှိများရဲ့ ပြောကြားချက်အရ တောင်ပိုင်းဂျာဗားရှိ ကရာဝမ် ကို ကျော်သွားသည့်အချိန်တွင် လေယာဉ်နဲ့ အဆက်အသွယ်ပျက်တောက်ခဲ့သည်။ အဆိုပါလေယာဉ်ဟာ ဆူမားထရား အရှေ့ဘက်ရှိ ပန်ကယ်လ်−ပီနန် သို့ ပျံသန်းစဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုသတင်းစာ ကွန်ပက်စ် တွင် ဖော်ပြထားသည်။

ဆွီဒင်လေကြောင်းထောက်လှမ်းရေးဝန်ဆောင်မှု Flightradar24 ၏ ပြောကြားချက်အရ အဆိုပါလေယာဉ်မှာ ဘိုးရင်း 737 အမျိုးအစားလေယာဉ်အသစ်ကြီးဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ Lion Air ကို ပေးပို့ခဲ့ကြောင်း လေယာဉ်၏ အချက်အလက်အရ နောက်ဆုံးအခြေအနေမှာ လေယာဉ်ကို အရှိန်တင်ခဲ့ပြီး အမြင့်ကိုတော့ နိမ့်ဆင်းခဲ့တာ တွေ့ရကြောင်း ဖော်ပြထားသည်။ အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှူထမ်းများအပါအဝင် လူ ၁၈၈ ဦး ပါဝင်သွားကြောင်း သိရှိရသည်။


29 Oct 2018     1,286 Views




RELATED

Most Popular of International News

Most Popular of NEWS