BTS နှင့်အတူ တွဲဖက်ဖျော်ဖြေမည့် Charlie Puth
29 Oct 2018 1,720 Views

တောင်ကိုးရီးယားနိုင်ငံရှိ နာမည်ကျော် လူငယ်တေးဂီတအဖွဲ့ တစ်ခုဖြစ်တဲ့ BTS ဟာ အာရှနိုင်ငံများမှာသာမက အနောက်နိုင်ငံများမှာပါ အောင်မြင်ကျော်ကြား ရေပန်းစား လျက်ရှိပါတယ်။
အဆိုပါ BTS အဖွဲ့ဟာဆိုရင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်ရဲ့ နာမည်ကြီးအဆိုတော်တစ် ဦးဖြစ်တဲ့ Charlie Puth နဲ့ Collaboration (တွဲဖက်ဖျော်ဖြေမှု) ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တွဲဖက်ဖျော်ဖြေခြင်းကို ၂၀၁၈ ခုနှစ် MBC ကပြုလုပ်တဲ့ ဂီတ ဆိုပေးပွဲမှာ ပြုလုပ်သွားမည်ဖြစ်ပါတယ်။ အဆိုပါ ဂီတဆုပေးပွဲရဲ့ နာမည်အပြည့်အစုံကတော့ MBC Plus X Genie Music Awards (MGA) ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့မှာ MGA အဖွဲ့အစည်းက BTS နှင့် Charlie Puth တို့ တွဲဖက်သီဆိုမည့်အကြောင်းကို ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
BTS အဖွဲ့ကလဲ သူတို့ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။
BTS အဖွဲ့နဲ့ Charlie Puth တို့ဟာ ၂၀၁၇ ခုနှစ်ကတည်းက ဆိုရှယ်မီဒီယာ စာမျက်နှာ တစ်ခုဖြစ်တဲ့ တွစ်တာ(twitter) မှာ Chatting လုပ်ရင်း ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီးပဲဖြစ်ပါတယ်။ BTS အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဂျောင်ကွတ်နဲ့ ဂျီမင်း တို့ဟာ Charlie Puth ရဲ့ We don’t talk anymore သီချင်းကို Cover song သီဆိုခဲ့ပြီး တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ထိုသို့ ရေးသားဖော်ပြထားတဲ့ post ကို မူရင်းအဆိုရှင်ဖြစ်တဲ့ Charlie Puth က like လုပ်ထားခဲ့ပြီး “I really love BTS’s music” ဟု ပြန်လည်ရေးသားပြီး tweet ခဲ့ပါတယ်။ BTS အဖွဲ့ကလဲ “We really love Charlie Puth’s Music” လို့ပြန်လည်ရေးသားခဲ့ပါတယ်။
We really like Charlie Puth's music. https://t.co/fGlyPFogh1
— 방탄소년단 (@BTS_twt) March 26, 2017
Yo @BTS_twt ...DMs!!
Charlie Puthနဲ့ BTS အဖွဲ့ကြားက ဆက်ဆံရေးအခြေအနေ ကောင်းမွန်တာကြောင့် MGA က collaboration လုပ်ဖို့ စီစဉ်ခဲ့သလားဆိုပြီး ပရိတ်သတ်များက ထင်ကြေး ပေးနေကြပါတယ်။ တကယ့် ဒိတ်ဒိတ်ကျဲ တွေရဲ့ Collaboration မို့လို့ ဘယ်လိုရင်သပ်ရှုမောဖွယ်ပုံရိပ်တွေနဲ့ ဖျော်ဖြေသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။
29 Oct 2018 1,720 Views