BEC-TERO TV

မျက်နှာကြောတင်းတာကြောင့် အပြောဆိုခံနေရတဲ့မိန်းကလေး idols များ

29 Oct 2018     1,546 Views


ထူးချွန်ပြီး ထက်မြက်တဲ့မိန်းကလေးတော်တော်များများကိုကြည့်လိုက်ရင် သူတို့မျက်နှာမှာ အရယ်အပြုံးနည်းတာကိုတွေ့ရပါလိမ့်မယ်။
ကြည့်လိုက်ရင် မျက်နှာက မှုန်ကုပ်ကုပ်နဲ့ တစ်ခုခုကိုမကျေနပ်နေသလိုလိုဘာလိုလို မျက်နှာပေးမျိုးနဲ့ပေါ့။
တကယ်တော့ အဲ့လိုမှုန်ကုပ်ကုပ်မျက်နှာပေးနဲ့ ချေမိုးနေတဲ့ မိန်းကလေးတွေဟာ အာရုံစူးစိုက်မှုအားကောင်းလွန်းတာကြောင့်ပဲဖြစ်ပါတယ်။ သူမတို့ဦးနှောက်ထဲမှာ တခြားတွေးစရာတွေအများအပြားရှိနေတာကြောင့် မလိုတဲ့ အတွေးအခေါ်သေးသေးမွှားမွှားတွေကို ဦးနှောက်ထဲထည့်မထားတတ်ကြပါဘူး။
သူမတို့ရဲ့ဦးနှောက်ထဲမှာပတ်ဝန်းကျင်ကို ဂရုစိုက်ရမယ် ဘာညာအတွေးတွေလဲမရှိကြပါဘူး။
သူမတို့ အာရုံစိုက်စရာ လုပ်စရာရှိတာကို တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်သူများဖြစ်ကြပါတယ်။ လန်းဆန်းတက်ကြွပြီး ချစ်စရာကောင်းအောင် လုပ်တတ်ကြတဲ့ Kpop idols များစွာထဲမှာမှ မျက်နှာကြောတင်းပြီး အရယ်အပြုံးနည်းတဲ့ မိန်းကလေး idols များလဲရှိနေပါတယ်။
သူမတို့က ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

၁။ Jennie
သူမကတော့ Black Pink အဖွဲ့ရဲ့ Main Rapper တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ထူးခြားဆန်းပြားပြီး အထာကျတဲ့ ဝတ်စားမှုများကြောင့် လူကြိုက်များခဲ့တာပါ။ သို့ပေမဲ့ သူမကို မုန်းတဲ့ပရိတ်သတ်များ လဲရှိနေပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ ချေမိုးလွန်းတဲ့ မျက်နှာထားကြောင့်ပဲဖြစ်ပါတယ်။

၂။ Taeyeon
Girls’ Generation အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ တေးယွန်း ဟာ သူမရဲ့ ရယ်ချင်တာလိုလို မရယ်ချင်တာလိုလို မချိုမချဉ်မျက်နှာပေးကြောင့် သူမကို မုန်းတဲ့ ပရိတ်သတ်များလဲရှိနေပါတယ်။ “သူ့ကိုမြင်တာနဲ့ သက်တောင့်သက်သာမရှိဘူး ဘယ်လိုကြီးလဲမသိဘူး” အစရှိသဖြင့် ဝေဖန်နေကြပါတယ်။

၃။ Irene
မိန်းကလေးအဆိုရှင် Red Velvet အဖွဲ့ရဲ့ ခေါင်းဆောင် Irene ဆိုရင်လဲ သူမရဲ့ ချစ်စဖွယ်ချေမိုးနေတဲ့ မျက်နှာပေးလေးကြောင့် လူသိများသူပါ။ သူမကတော့ ယောင်္ကျားလေးတွေနဲ့ တွေ့မှချေမိုးသူတစ်ယောက်ပါ။ ယောင်္ကျားလေးတွေနဲ့ တွေ့တိုင်းအလိုလို နှာခေါင်းရှုံ့သွားတတ်တဲ့ သူမရဲ့ မျက်နှာပေးလေးက ချစ်စဖွယ်ပါပဲနော်။ Irene ဟာလဲ အရယ်အပြုံးနည်းသူ တစ်ယောက်ဆိုရင်လဲမမှားပါဘူး။

၎။ Krystal
ချေမိုးလွန်းတဲ့နေရာမှာ ဘုရင်မတစ်ဆူလိုမျက်နှာကြောတင်းလှတဲ့ သူမကိုတော့ အထွေအထူး မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ပရိတ်သတ်ရှေ့ထွက်တိုင်း တစ်စက်လေးတောင်မှ အရယ်အပြုံးမရှိတဲ့ မျက်နှာပေးကြောင့် ပရိတ်သတ်များရဲ့ bad comments အများဆုံးရရှိသူဆိုလဲမမှားပါဘူး။ ချေနေတာကိုက သူမရဲ့ Character ဖြစ်တယ်လို့ သူမက ပြောဖူးပါတယ်။ “ဘာဖြစ်နေတာလဲ သူ့ရုပ်ကြီးက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မျက်နှာကြောကိုတင်းနေတာပဲ”
“ဒီအလုပ်ကိုဆက်မလုပ်ရင်လဲမလုပ်ပါနဲ့တော့ သူ့ကိုမြင်ရတာစိတ်မချမ်းသာဘူး”
အစရှိသဖြင့် သူမ ကိုပြစ်တင်ရှုံ့ချကြပါတယ်။

၅။ Nayeon
Twice အဖွဲ့မှာ အသက်ကြီးဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ အရယ်အပြုံးများ သူတစ်ယောက်လို့ထင်ရပေမဲ့ တစ်ချက်တစ်ချက်ရှုံ့မဲ့ သွားတတ်တဲ့ မျက်နှာပေးကြောင့် သူမကိုလဲ လူပြောများကြပါတယ်။

၆။ CL
The baddest female လို့ သူမကိုယ်သူမ တင်စားခေါ်ဝေါ်ထားတဲ့ သူမကတော့ အရယ်အပြုံးနည်းတဲ့ အချေဘုရင်မပါပဲ။ သီချင်း ဆိုတဲ့နေရာမှာ Concept နဲ့လိုက်အောင်ချေတာတော့ လက်ခံပါတယ်။ ဖျော်ဖြေပွဲမဟုတ်တဲ့ တခြားနေရာတွေမှာတော့ ရယ်ပြုံးသင့်တယ်လို့ ပရိတ်သတ် တစ်ယောက်က တွစ်တာစာမျက်နှာမှာရေးသားခဲ့ပါတယ်။


29 Oct 2018     1,546 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS