လတ်စတာစီးတီး အသင်းပိုင်ရှင် ဗီချိုင်း သေဆုံးမှုကြောင့် ကြားရက်ကစားမည့်ပွဲစဉ် ရွေ့ဆိုင်း
29 Oct 2018 1,943 Views

လတ်စတာစီးတီး အသင်းပိုင်ရှင် ဗီချိုင်း သေဆုံးမှုကြောင့် ကြားရက်ကစားမည့်ပွဲစဉ် ရွေ့ဆိုင်း
လတ်စတာစီးတီး အသင်းပိုင်ရှင် ဗီချိုင်း လေယာဉ် ပျက်ကျ မှုကြောင့် လတ်စတာ စီးတီး အသင်း ဟာ ယခုအပါတ်မှာ ကစားမည့် EFL ဖလား ဆောက်သမ်တန် အသင်းနှင့်ပွဲစဉ်နှင့် နိုင်ငံတကာပွဲစဉ် အတွင်းခြေစမ်းပွဲကစားမည့် ဖီယင်နု နင့်ပွဲစဉ်ပါ ရွေ့ဆိုင်းမည်ဖြစ်ကြောင်း သိရပါတယ်။

ဗီချိုင်းဟာ လတ်စတာ စီးတီး အသင်းကို ၂၀၁၀ ခုနှစ်က ယူရို ၃၉ မီလီယံ နဲ့ဝယ်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ လတ်စတာ စီးတီး အသင်းအတွက် ပထမဦးဆုံး ဖလားရအောင် စွမ်းဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။ ဗီချိုင်း မှာ ဇနီးနှင့်ကလေး ၄ယောက် ဖခင်တစ်ဦးဖြစ်ကြောင်းလည်းသိရပါတယ်။
လတ်စတာစီးတီးအသင်း ဟာ ဝမ်းနည်းခြင်းအထိမ်းမမှတ်ဖြင့် အသင်း လိုဂို ကို အဖြူအနက် ပြောင်းလဲထားကြောင်းသိရပါတယ်။
ဗီချိုင်း သေဆုံမှုဟာ ဘောလုံ လောက အတွက် ဆုံးရှုံးနစ်နာမှုတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာစပေါ့ သတင်းစာအသီးသီး ကဝမ်းနည်းကြောင်းဖော်ပြခဲ့ကြပါတယ်။








