BEC-TERO TV

လက်တလော မဖြစ်မနေကြည့်ရှုသင့်တဲ့ ကိုးရီးယားဇာတ်လမ်းတွဲများ

29 Oct 2018     2,561 Views


ပြီးဆုံးခါနီးဖြစ်တဲ့ ကိုးရီးယားဇာတ်လမ်းတွဲများ မှမဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲ နှစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
အဆိုပါ ဇာတ်လမ်းတွဲလေးတွေကတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာမဖြစ်မနေ ကြည့်ရှုသင့်သော ဇာတ်လမ်းတွဲများအနေနဲ့ ပထမနှင့် ဒုတိယနေရာချိတ်ထားတဲ့ ကားများဖြစ်ပါတယ်။
ပထမနေရာမှာတော့ tvN ရုပ်သံလိုင်းကထုတ်လွှင့် ပြသနေဆဲဖြစ်သော “100 Days My Prince” ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာဆိုရင် ပထမနေရာ ချိတ်ခဲ့တာ နှစ်ပတ်တိတိရှိနေပြီဖြစ်ပါတယ်။ နာမည်ကျော် ရေပန်းစားအဖွဲ့ဖြစ်တဲ့ EXO အဖွဲ့မှ D.O နဲ့ မင်းသမီးချောလေး နမ်ဂျီဟွန်းတို့က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“100 Days My Prince ” နဲ့အပြိုင်ကြည့်ရှုသူများပြားနေတဲ့ ဇာတ်လမ်းတွဲကတော့ OCN ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ The Guest ဖြစ်ပါတယ်။ ဒီကားက သဘာဝလွန်ပရလောက ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာပါရှိတဲ့ အကြီးမားဆုံးသရဲ ပတ်အီဒို ကိုဖော်ပြပြီးတဲ့အခါမှာတော့ ကြည့် ရှုသူဦးရေ တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။

တတိယနေရာ ချိတ်တဲ့ဇာတ်လမ်းတွဲကတော့ JTBC ကထုတ်လွှင့်တဲ့ The Beauty Inside ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဒီအပတ်ရဲ့ Top 10 စာရင်းဝင်တဲ့ဇာတ်ကားကောင်းများကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

4. tvN “The Smile Has Left Your Eyes” (5.53 percent)

5. MBC “Terius Behind Me” (4.84 percent)

6. JTBC “The Third Charm” (4.37 percent)

7. SBS “Where Stars Land” (3.68 percent)

8. MBN “Devilish Joy” (3.41 percent)

9. tvN “Room No. 9” (3.2 percent)

10. KBS2 “Matrimonial Chaos” (2.35 percent)


29 Oct 2018     2,561 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment