BEC-TERO TV

မာရသွန်ပြေးပွဲ ပန်းဝင်ခါနီးမှ ခြေထောက်ကျိုးခဲ့သူရဲ့ အံ့မခမ်းတဲ့စိတ်ဓါတ် (ရုပ်သံ)

29 Oct 2018     1,890 Views


ဂျပန်နိုင်ငံ ဖူကိုကာမြို့မှာ ပြုလုပ်ခဲ့တဲ့ လက်ဆင့်ကမ်း မာရသွန်ပြိုင်ပွဲမှာ “လီဒါ” ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် ဂျပန်အမျိုးသမီး အပြေးသမားတစ်ဦးဟာ ၂.၂ မိုင် ပြေးခဲ့ပြီးနောက် သူမအလှည့် ပန်းဝင်ခါနီး ကိုက် ၂၀၀ အလိုမှာ ခြေချော်လဲကျပြီး ခြေထောက်ကျိုးသွားခဲ့ပါတယ်၊ ဒါပေမယ့် သူမဟာ စိတ်ကိုမလျော့ချလိုက်ပဲ ဒူးနဲ့ လက်တို့ကို သုံးပြီး လေးဘက်ထောက်ကာ ပန်းဝင်အောင် ကြိုးစားခဲ့ပါတယ်။

သူမဟာ ကတ္တရာလမ်းမပေါ်မှာ လေးဘက်ထောက်ပြီး တတ်နိုင်သလောက် မြန်မြန်လာနေတဲ့အတွက် သူမရဲ့ ဒူးတွေ ပွန်းပဲ့ကုန်တာ စိတ်မကောင်းစရာ တွေ့မြင်ခဲ့ရပါတယ်။ သူမရဲ့ လက်ဆင့်ကမ်း တုတ်ကို ဆက်ယူမယ့် ပြိုင်ပွဲဝင်ကလည်း စိတ်မကောင်းစွာနဲ့ စောင့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပြိုင်ပွဲရဲ့ ဒိုင်တစ်ဦးဖြစ်သူက “ကျွန်တော်သူ့ကို ရပ်ခိုင်းလိုက်ရမလား၊ ဘာဆက်လုပ်ရမလဲဆိုတဲ့ အတွေးတွေကြားမှာ ချာချာလည်နေပါတယ်၊ သူ့ကို ပန်းတိုင်လည်း ရောက်စေချင်တယ်” လို့ဆိုပါတယ်။ “လီဒါ” ကတော့ ပန်းတိုင်ရောက်ဖို့ ဘယ်လောက်လိုသေးလည်းလို့မေးပြီး လေးဘက်ထောက်လျှက် ဆက်ပြေးခဲ့ပါတယ်။

သူမတာဝန်ပြီးဆုံးချိန်မှာတော့ ဆေးရုံကို အမြန်ပို့ခဲ့ကြပါတယ်။ ခြေထောက်ကျိုးသွားတဲ့ ဒဏ်ရာကြောင့် လအနည်းငယ် အနားယူကုသရဦးမယ်လို့ သိရှိရပါတယ်။


29 Oct 2018     1,890 Views




RELATED

Most Popular of Special or Others

Most Popular of NEWS