BEC-TERO TV

စမတ်ဖုန်း အသုံးများပြီး လက်တစ်ဖက် အကြောကပ်သွားခဲ့သူ

30 Oct 2018     1,848 Views


တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ရုံးပိတ်ရက်ရှည်မှာ တစ်ပတ်လုံးနီးပါး စမတ်ဖုန်း အသုံးပြုခဲ့တာကြောင့် သူမရဲ့ ညာဘက်လက် အကြောကပ်သွားပြီး ဖုန်းကို ကိုင်ထားတဲ့ ပုံစံမျိုးကနေ လက်ချောင်းလေးတွေကို ဆန့်ထုတ်လို့မရ ဖြစ်ခဲ့ပါတယ်။

သူမဟာ ရုံးပိတ်ရက်ရှည် တစ်ပတ်လုံး ညအိပ်ချိန်ကလွဲရင် ဖုန်းကိုပဲ ပွတ်နေခဲ့ပြီး နောက်ထပ် ရက်အနည်းငယ်အကြာမှာ သူမရဲ့ လက်ချောင်းတွေ မလှုပ်ရှားနိုင်တော့ပဲ အကြောကပ်နေခဲ့တာကို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဆေးခန်းမပြပဲ ထားလိုက်ရာကနေ နောက်ပိုင်းမှာ အခြားလက်ချောင်းလေးတွေပါ လှုပ်မရဖြစ်လာခဲ့တာကြောင့် ဆေးရုံသွားပြခဲ့ရပါတယ်။

ဆရာဝန်တွေက သူမရဲ့လက်ကို စစ်ဆေးပြီးတဲ့နောက်မှာ လိမ်းဆေးတွေနဲ့ လက်ရဲ့အရွတ်ပိုင်းနေရာတွေကို လိမ်းပြီးကုသပေးခဲ့ရပါတယ်။ သူမဟာ ဖုန်းကို နာရီပေါင်းများစွာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့အတွက် အားစိုက်မှုများသွားပြီး အရွတ်အကြောတွေတောင့်တင်းကာ အကြောကပ်သလိုဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ကုသပေးပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပေမယ့် ဆရာဝန်တွေက အကြောနဲ့ပက်သက်ရင် တစ်နေရာထဲကို အကြားကြီး အကြိမ်ကြိမ် အားစိုက်ပြီး အသုံးပြုတာတွေ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။


30 Oct 2018     1,848 Views




RELATED

Most Popular of Special or Others

Most Popular of NEWS