ကုမ္ပဏီပိုင်ရှင် အမျိုးသမီး မီးရှို့သတ်ခံရမှု တရားခံဖမ်းဆီးရမိ (ရှေ့ပြေးသတင်း)
30 Oct 2018 1,957 Views

အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာမှ ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မီးငယ်လေး ကို မီးရှို့သတ်ဖြတ်သည့် တရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရှေ့ပြေးသတင်းရရှိသည်။


တရားခံဖြစ်သူမှာ သေဆုံးသူအမျိုးသမီး၏ ယာဉ်မောင်းဖြစ်ပြီး အလုပ်ဖြုတ်ခံရသည့် ကိစ္စကြောင့် အလုပ်ပြန်ခန့်ပေးရန် ပြောဆိုရာမှ စကားများပြီး တွန်းလိုက်ရာ နံရံနဲ့ ခေါင်း ရိုက်မိပြီး သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးပြီးမှ အလောင်းကို အရက်နဲ့လောင်းချကာ မီးရှို့ခဲ့သည်ဟု သိရှိရသည်။ တရားခံဖြစ်သူ ယာဉ်မောင်းအား အောက်တိုဘာလ ၃၀ (ယနေ့) နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် ရဲအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးသော တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးသော ရှေ့ပြေးသတင်းရရှိသည်။
သတင်းရင်းမြစ် - လာရှိုးမီဒီယာ







