BEC-TERO TV

ငွေဇွန်းကိုက်ပြီးမွေးဖွားလာကြတဲ့ ကိုးရီးယားအနုပညာရှင်များ

31 Oct 2018     1,531 Views


၁၂။ Got7’s Jackson
Got7 Jackson ရဲ့ဖခင်ဟာ နိုင်ငံတော် ဓါးသိုင်းအသင်းချုပ်(Fencing Team) ရဲ့နည်းပြဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အမေဖြစ်သူကလဲ (fencing) ဓားသိုင်း အတတ်ပညာမှာ ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ Jackson ဟာငယ်ဘဝတည်းက အမေရိကန် အင်တာနေရှင်နယ်ကျောင်းကိုတက်ခဲ့ရပါတယ်။ သူဟာလဲကျောင်းသားဘဝတုန်းက Fencing မှာချန်ပီယံတစ်ယောက်ပါပဲ။ ဆယ်ကျော်သက်အရွယ်မှာတော့ Jackson ဟာသူဝါသနာပါရာကို ရှာတွေ့သွားပြီး အဆိုတော်အလုပ်ကိုပဲဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ Jackson ဟာတရုတ်ပြည်မှာ Team Wang Production လို့ခေါ်တဲ့ ကိုယ်ပိုင်စတူဒီယိုတစ်ခုကိုလဲ ပိုင်ဆိုင်ထားပါတယ်။

၁၁။ SNSD’s Sooyoung(ဆူယောင်း)
SNSD အဖွဲ့ဝင် ဆူယောင်းကတော့ ဘိုးစဉ်ဘောင်ဆက်ချမ်းသာလာ တာလို့ဆိုရမလားပဲ။ သူမရဲ့အဖိုးဟာ ဗိသုကာ လုပ်ငန်းစုတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ သူမတို့ဟာ ငယ်ငယ်တည်းက သူမအဖိုးပိုင်ဆိုင်တဲ့ ကြီးမားတဲ့အိမ်ကြီး နှစ်အိမ်မှာ နေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။

၁၀။ Kang Dongwon(ကန်ဒုံဝန်)
သရုပ်ဆောင်မင်းသား ကန်ဒုံဝန်ရဲ့ ဖခင်ကတော့ သင်္ဘောတည်ဆောက်တဲ့ ကုမ္ပဏီ SSP ရဲ့ တည်ထောင်သူဖြစ်ပါတယ်။ အဆိုပါ SSP ကုမ္ပဏီဟာ ကမ္ဘာမှာအကြီးဆုံး သင်္ဘောတည်ဆောက်တဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။

၉။ Lee Kwang Hoon(လီကွမ်ဟွန်း)
Lee Phillip လို့ လူသိများတဲ့ မင်းသားလီကွမ်ဟွန်းရဲ့ ဖခင်ဟာ STG INC ရဲ့ ဗာဂျင်းနီးယားဌာနချုပ်မှာရာထူးအကြီးဆုံး ဥက္ကဌတစ်ဦးပဲဖြစ်ပါတယ်။ Lee Phillip ဟာ Boston University မှဘွဲ့ရရှိခဲ့ပြီး မဟာဘွဲ့ကိုတော့ George Washington University မှရရှိခဲ့ပါတယ်။ထို တက္ကသိုလ်များဆိုရင်ဖြင့် နိုင်ငံတကာ ရဲ့ တော်ဝင်မျိုးနွယ်များနဲ့ လူချမ်းသားအသိုင်းအဝိုင်းများသာ တက်ရောက်နိုင်သော တက္ကသိုလ်များဖြစ်ကြပါတယ်။

၈။ 2PM’s Nichkhun(နစ်ခွန်း)
Thai’s Prince လို့တင်စားခေါ်ဝေါ်ကြတဲ့ 2PM Nichkhun ရဲ့မိခင်ကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဆေးဝါးဖြန့်ချီရေးဆိုင်ရာ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ထိုကုမ္ပဏီရဲ့နာမည်ကတော့ Union Medical ပဲဖြစ်ပါတယ်။ နစ်ခွန်းဟာ ငယ်စဉ်ဘဝတည်းက နယူးဇီလန်နိုင်ငံ Wanganui College School ကိုတက်ရောက်ခဲ့ရပါတယ်။ အဆိုပါကောလိပ်ဟာဆိုရင်ဖြင့် ဗြိတိန်တော်ဝင်မင်းသား တစ်ဦးဖြစ်တဲ့ Prince Edward တက်ရောက်ခဲ့တဲ့ အထင်ကရကောလိပ် တစ်ခုပဲဖြစ်ပါတယ်။


၇။ 2AM’s Jinwoon(ဂျောင်ဂျင်ဝန်)
2AM အဖွဲ့ဝင် Jinwoon(ဂျင်ဝန်) ရဲ့ မိဘများကတော့ ချွန်းဒမ်ဒုန်မှာရှိတဲ့ ပေပေါင်း ၃၅၅၈ ပေပတ်လည်ကျယ်ဝန်းတဲ့အိမ်ကြီးကို ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ ဂျင်ဝန် မှာ ဂီတနဲ့ပတ်သတ်ပြီး လေ့ကျင့်မှုတွေပြုလုပ်ဖို့ ကိုယ်ပိုင်အခန်းတစ်ခု ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

၆။ BtoB’s Yook Sungjae(ဆောင်းဂျေ)
ဆောင်းဂျေရဲ့ ဖခင်ကတော့ IT Software ကုမ္ပဏီတစ်ခုရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဆောင်းဂျေကိုလဲ IT သမားတစ်ယောက် ဖြစ်ဖို့ရည်ရွယ်ခဲ့သော်လည်း အနုပညာကိုပဲဝါသနာပါတဲ့အတွက် အနုပညာအလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။


၅။ Jung Ill Woo(ဂျောင်အီဝူး)
သရုပ်ဆောင်မင်းသားဂျောင်အီဝူးရဲ့ အဖိုးကတော့ တောင်ကိုးရီးယားသမ္မတဟောင်း ရဲ့ပုဂ္ဂိုလ်ရေးဒေါက်တာ တစ်ယောက်ဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ ဆေးရုံကြီးတစ်ခု ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေပါပြီ။ ဖခင်ဖြစ်သူကတော့ Kendo Academy ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ တက္ကသိုလ်တစ်ခုမှာ ကိုးရီးယားအမွေအနှစ်ဆိုင်ရာထိန်းသိမ်းရေးဌာနရဲ့ ပါမောက္ခတစ်ဦးပဲဖြစ်ပါတယ်။

၎။ EXO’s Suho
Exo အဖွဲ့ခေါင်းဆောင် Suho ဟာ ချမ်းသာတဲ့မိသားစုက လာတယ်ဆိုတာ Beatles Code ဆိုတဲ့ TV အစီအစဉ်တစ်ခုမှာပြောကြားခဲ့ဖူးပါတယ်။ ကျန်တဲ့ EXO အဖွဲ့ဝင်များ ကလဲ Suho ဟာ လေ့ကျင်းရေးကာလမှာကတည်းက အဖွဲ့ဝင်တွေကိုအစားကောင်း အသောက်ကောင်းတွေ အမြဲဝယ်ကျွေးလေ့ရှိတယ်လို့ပြောကြားထားပါတယ်။


၃။ Lee Minjung
မင်းသားလီဗြောင်ဟွန်းရဲ့ ဇနီးသည် မင်းသမီးလီမင်ဂျောင်း ရဲ့ ဖခင်ဟာဆိုရင် ကြော်ငြာကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီး သူ့မိခင်ကတော့ နာမည်ကြီး စန္ဒယား ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမနဲ့ မိသားစုတို့ဟာ ငယ်စဉ်ကတည်းက ဒေါ်လာ သန်းပေါင်း ၄ မီလီယမ် တန်တဲ့စံအိမ်ကြီးမှာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

၂။ Park Hyungsik
Hyungsik ရဲ့ဖခင်ကတော့ BMW Korea ကားကုမ္ပဏီရဲ့ ရှယ်ယာအများဆုံး Board Member တစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ပေါင်း ၁၇၀၀ ရှိတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာဖြေကြားဖူးပါတယ်။

၁။ Choi Siwon(ချွဲရှီဝန်)
ချွဲရှီဝန်ကတော့တောင်ကိုးရီးယားရဲ့ အကြီးမားဆုံး ဆေးကုမ္ပဏီ Boryung Medicine ရဲ့ CEO ရဲ့သားတစ်ယောက်ဖြစ်ပါတယ်။ သူ့မိသားစုဟာဆိုရင် Hyundai Department Store မှာရှယ်ယာအများဆုံး ပိုင်ဆိုင်ထားပြီး Hyundai ရဲ့ပိုင်ရှင်ဖြစ် လာနိုင်ချေရှိတယ်လို့လဲ သတင်းရရှိထားပါတယ်။ Hyundai Department Store ဟာဆိုရင်တောင်ကိုးရီးယားမှာအကြီးမားဆုံး စူပါမားကတ်အဖွဲ့အစည်းပဲဖြစ်ပါတယ်။


31 Oct 2018     1,531 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment