BEC-TERO TV

မင်္ဂလာသက်တမ်း ၂၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းမော်ကွန်းတို့ ဇနီးမောင်နှံ

31 Oct 2018     1,549 Views


ပြည်သူ့အချစ်တော် နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းဟာဆိုရင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးဇင်ဝိုင်းရဲ့သားတစ်ယောက်ဖြစ်သလို၊ ဖခင်ခြေရာကိုနင်းကာ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အ၀ရရှိထားတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံသာမက ဂီတအလုပ်တွေမှာပါ ပရိသတ်ရဲ့လက်ခံမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းမော်ကွန်းကတော့ ယနေ့ချိန်ထိ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

အသက်သာကြီးလာပေမယ့် ငယ်ဘ၀က ရုပ်ရည်အတိုင်းမပြောင်းလဲဘဲ နုနယ်နေတာကြောင့် ပရိသတ်တွေက ကိုကြာနုလို့ ချစ်စနိုးခေါ်ဝေါ်ခြင်းခံရတာလဲ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်စဉ်မှာပင် အိမ်ထောင်ရက်သားကျခဲ့တဲ့ မင်းမော်ကွန်းဟာဆိုရင် ချစ်ဇနီးလေးနဲ့ ရွှေလက်တွဲခဲ့တာ ယနေ့ အောက်တိုဘာလ (၃၁) ရက်နေ့မှာတော့ မင်္ဂလာသက်တမ်း (၂၁) နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း မိသားစုအပေါ်မှာပါ တာဝန်ကျေပွန်အောင် ထမ်းဆောင်ရင်း အားကျစရာကောင်းတဲ့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို တည်ဆောက်ထားသူဖြစ်တာကြောင့် အများကလေးစားချစ်ခင်နေကြရတာလဲဖြစ်ပါတယ်။ ယနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခြင်းမေတ္တာများစွာနဲ့ သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေးကိုဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့လဲ ဆုတောင်းပြုလိုက်ပါတယ်....


31 Oct 2018     1,549 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment