BEC-TERO TV

ချစ်ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆုံစည်းခဲ့တဲ့ မင်းသမီးလေး ၀တ်မှုန်ရွှေရည်

31 Oct 2018     1,330 Views


ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ၀တ်မှုန်ရွှေရည်ဟာဆိုရင် မြန်မာနိုင်ငံရဲ့အနုပညာလောကထဲက ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပိုင်နိုင်ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုများစွာကို ထိုက်တန်စွာရရှိပိုင်ဆိုင်ထားသူလေးလဲဖြစ်ပါတယ်။ Fashion Queen လို့တောင်တင်စားရလောက်အောင် ထိမိနေတဲ့ အမိုက်စားဖက်ရှင်တွေကို ပြင်ဆင်ဝတ်စားတတ်သူလေးရွှေကစ်ကတော့ ကလေးတစ်ယောက်လိုအပြစ်ကင်းစင်တဲ့ အပြုံးလေးတွေအောက်မှာ ကျရှုံးသွားအောင် ဖမ်းစားနိုင်သူလေးလဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်များစွာကိုရရှိပိုင်ဆိုင်ထားတဲ့ ၀တ်မှုန်ရွှေရည်တစ်ယောက် သူမကိုချစ်တဲ့ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံခဲ့ပါသေးတယ်။ Viber Myanmar ကနေစီစဉ်ပေးတဲ့ ပရိသတ်တွေနဲ့တွေ့ဆုံပွဲက ပုံရိပ်လေးတွေကို မျှဝေရင်း သူမကို့လဲ ဒီ့ထက်မကအချစ်တွေတိုးလို့ချစ်ပေးကြဖို့ ပြောထားပါသေးတယ်။

“ချစ်ပရိသက်တွေနဲ့ မဆုံတာကြာတော့ ပျော်လည်းပျော် နောက်ပြီး စကားတွေလည်း အများကြီးပြောလိုက်တယ်။ ကစ်လည်း အလုပ်တွေပိနေတော့ အချစ်တွေနဲ့ သိပ်မတွေ့ရဘူး။ နောက်လည်းစီစဉ်နိုင်အောင် ကြိုးစားပါ့မယ်။ ဆက်လည်းချစ်ပေးပါဦးနော်” ဆိုပြီး ရေးသားပြောဆိုထားတာဖြစ်ပါတယ်။ ရွှေကစ်လေးတစ်ယောက် ချစ်ပရိသတ်တွေနဲ့တွေ့ဆုံရတဲ့အတွက် ဘယ်လိုတွေတောင် ပျော်နေလဲဆိုတောင် ပုံရိပ်လေးတွေ ကြည့်လိုက်ကြဦးနော်…


31 Oct 2018     1,330 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment