BEC-TERO TV

ဖေ့ဘွတ်ခ် အကောင့်ဟက်ခံရမှာမကြောက်ဘူးလို့ပြောလာတဲ့ ပိုင်တံခွန်

31 Oct 2018     1,296 Views


သူငယ်ချင်း ဟိန်းမင်းသူရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို 9MC ဟက်ကာအဖွဲ့က ဟက် တာကိုခံခဲ့ရပြီးနောက်မှာတော့ ပိုင်တံခွန်နဲ့ ဟိန်းမင်းသူတို့ Chat ထားတဲ့ မတ်ဆေ့ခ်ျများလဲ အဖွခံခဲ့ရပါတယ်။ ပိုင်တံခွန်ကိုလဲ troller များက ဝိုင်း troll ကြပြီး ဟာသသဖွယ် နောက်ပြောင်ခဲ့ကြတာကြောင့် အရှက်ရဖွယ် ကိစ္စရပ်များဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါတွေနဲ့ပတ်သတ်ပြီး ပိုင်တံခွန်ဘက်က ဘာဖြေရှင်းချက်မှ ပြုလုပ်ထားခြင်းမျိုးလဲမရှိ သေးပါဘူး။

“ဖေ့ဘွတ်ခ်ပေါ်မှာ ဂယက်ထသွားတဲ့ကိစ္စရပ်တွေကတော့ ဘာမှထွေထွေထူထူး မဟုတ်သေးပါဘူး။ ကျွန်တော်တို့အနုပညာရှင်တွေ အခုမှခံနေရတာမဟုတ်ဘူးလေ။ နောင်နှစ်ပေါင်းများစွာလဲကျွန်တော်တို့ခံနေရမှာပဲ။ သတိထားပြီးသုံးဖြစ်လားဆိုတော့ အရင်ကထက်ပိုပြီးသတိတော့ထားရတာပေါ့။ ဒီလောက်ပါပဲ တခြားထွေထွေထူးထူးတော့မရှိသေးပါဘူး။ လူတိုင်းမှာ သူ့ရဲ့ Privacy ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိတယ်။ ဒါကျွန်တော်တို့ရဲ့ Privacy လူတိုင်းပြောနေကြကိစ္စတွေပဲ။ ကျွန်တော်တို့က သူများအကြောင်းပြောနေတာမှ မဟုတ်တာ၊ ကိုယ့်ထမင်းကိုယ်စားနေတဲ့အတွက် ဘယ်သူ့ကိုမှကြောက်နေစရာမလိုဘူးလို့ထင်တာပဲ။ သူများအကြောင်းပြောမှသာ ကျွန်တော်တို့ကကြောက်ရမှာ” ဆိုပြီးအောက်တိုဘာလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ Clover ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ဆိုရှယ်မီဒီယာ ဆိုတာကိုပရိတ်သတ်တွေနဲ့ ချိတ်ဆက်မိအောင် အသုံးပြုနေတာဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ ဖေ့ဘွတ်ခ်သုံးတဲ့အခါ အရင်ကထက် ဆင်ခြင်ပြီး သုံးဖြစ်တယ်လို့ဆိုထားပါတယ်။

“အကောင့်ဟက်ခံရမှာတော့ မကြောက်ပါဘူး။ အကောင့်ဟက်ခံရရင်လဲ ပေ့ခ်ျတစ်ခုလုပ်ပြီး Boot လုပ်ပြီး အသစ်ထပ်ကြေငြာလို့ရတာပဲလေ။ သို့ပေမဲ့ လည်းကိုယ် သုံးနေကျရေမွေးပုလင်းကွဲကျသွားသလိုပေါ့ အသစ်ထပ်ဝယ်လို့ရပေမဲ့ အဟောင်းကိုနှမျောသလိုပေါ့ ဖေ့ဘွတ်ခ်အကောင့်ကိုလဲ ဒီတိုင်းပါပဲ နှမျောမိတာပေါ့။ ဒီလောက်ပါပဲ” လို့ပိုင်တံခွန်က ဆိုထားပါတယ်။

ပိုင်တံခွန်ဟာ ဆယ်ကျော်သက်မိန်းကလေးအများစုရဲ့ တခဲနက် အားပေးမှုကို ရရှိထားတဲ့ တက်သစ်စ မော်ဒယ်မင်းသားများထဲကတစ်ယောက်အပါအဝင် ဖြစ်ပါတယ်။သူပါဝင်တဲ့ ရုပ်ရှင်ကားများကိုလဲ မကြာခင်မှာရုံတင်ပြသသွားမှာဖြစ်တယ် လို့သိရပါတယ်။


31 Oct 2018     1,296 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS